=================================================
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
=================================================
(၉-၁-၂၀၁၈) ရက်နေ့တွင် ကချင်ပြည်နယ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းအဆင့်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ရက်တိုသင်တန်း၌ ကချင်ပြည်နယ်ဦးစီးမှူး (ကဆရ) မှ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေများနှင့် သဘာဝဘေးနှင့်စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန်များ၊ ဦးစီးဌာန၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များအား ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ၊ ပိုစတာများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။