Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၈-၁-၂၀၁၈) ရက်နေ့တွင် ဆားလင်းကြီးမြို့၊ အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်းမှ သင်တန်းသူ (၆၅) ဦးနှင့် ဆရာမ (၅) ဦး စုစုပေါင်း (၇၀) ဦးတို့အား သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် အအေးဘူးဝေငှခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
ဒေးဒရဲမြို့နယ်၊ အ.ထ.က တော်ကမင်ကျောင်း၌ ငလျင်ဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေးဟောပြောခြင်းနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်း ဆောင်ရွက်ခဲ့မှုသတင်း
================================================= Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဒေးဒရဲမြို့နယ်၊ ကြက်ခြေနီအဖွဲ့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၁၈-၁-၂၀၁၈) ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊ အ.ထ.က တော်ကမင်ကျောင်း၌ ငလျင်ဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပြီး ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းကိုပါ ပူးတွဲအသိပညာပေးဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၅၂၀) ဦးတို့က စိတ်ပါ၀င်စားစွာ တက်ရောက်ခဲ့ကြပါသည်။ ထို့နောက်ငလျင်အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ဗီနိုင်းပိုစတာများပေးအပ်ခြင်းနှင့် ငလျင်အသိပညာပေးဗွီဒီယိုပြသခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
-
UEHRD ပြည်ထောင်စုစီမံကိန်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား UNHCR နှင့် UNFPA တို့မှ သီးခြားစီလာရောက်တွေ့ဆုံ
၁၈-၁-၂၀၁၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) မှ ကိုယ်စားလှယ်ဖြစ်သူ Mr. Giuseppe de Vinecentiis နှင့် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့မှ (UNFPA) မှ ကုသမဂ္ဂယာယီညှိနှိုင်းရေးမှူးဖြစ်သူ Ms. Janet E. Jackson တို့က ယနေ့နေ့လည်ပိုင်းတွင် အဆိုပါဝန်ကြီးရုံးမေခလာခန်းမတွင် သီးခြားစီလာရောက်တွေ့ဆုံပါသည်။ ရှေးဦးစွာUNHCR ကိုယ်စားလှယ်ဖြစ်သူ Mr. Giuseppe de Vinecentiis နှင့်တွေ့ဆုံရာတွင် UNHCR မှ တာဝန်ရှိသူများ လွန်ခဲ့သော ဒီဇင်ဘာလအတွင်း … Read more
-
သထုံမြို့နယ်၊ အောင်ကန်သာကျေးရွာနှင့် သုံးအိမ်စုကျေးရွာတို့၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
================================================= Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁-၂၀၁၈) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် သထုံမြို့နယ်၊ အောင်ကန်သာကျေးရွာ၌ ပြည်သူ (၁၅၀) ဦးအားလည်းကောင်း၊ (၁၄း၃၀) နာရီအချိန်တွင် သထုံမြို့နယ်၊ သုံးအိမ်စုကျေးရွာ၌ ပြည်သူ (၈၀) ဦးအားလည်းကောင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပြီး မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုကြိုးဘေး အသိပညာပေးလက်ကမ်းစာစောင်များနှင့် ပိုစတာများဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
-
သရက်မြို့နယ်၊ ရေမျက်ကျေးရွာ၌ ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
================================================= Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ (၁၈-၁-၂၀၁၈) ရက်နေ့တွင် သရက်ခရိုင်၊ သရက်မြို့နယ်၊ ရေမျက်ကျေးရွာ၌ ငလျင်ဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး ဆပ်ပြာမှုန့်ထုပ်၊ လက်ကမ်းစာစောင်နှင့် (ငလျင်၊ မီးဘေး) vinyl ပိုစတာများ ဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ကျေးရွာ ပြည်သူလူထု (၉၅) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ သရဖီလမ်းသွယ် (၂) လမ်းတွင် (၁၇-၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၁) စု၊ လူဦးရေ (၁) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂,၁၀၀) ကျပ်တို့အား (၁၈-၁-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပုညမုဒိတာ(ကျန်းမာရေးစောင့်ရှောက်မှုနှင့် သွေးလှူအသင်း)တို့နှင့် ပူးပေါင်း၍ (၁၈-၁-၂၀၁၈) ရက်နေ့ (၀၈း၀၀) အချိန်တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၃၅၀) ဦးတက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှပေးခြင်း၊ ဗလာ စာအုပ်များပေးအပ်ခြင်းနှင့် နံရံကပ်ပိုစတာ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ရေဖြူမြို့၊ ကျေးရွာ ၁၅ ရွာမှ ရေလုပ်သားများအတွက် ကွင်းတားပိုက်များ ထောက်ပံ့မှုသတင်း
================================================= Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ================================================= (၁၈-၁-၂၀၁၈) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့၊ ကျေးရွာ ၁၅ ရွာမှ ရေလုပ်သားများ ငါးဖမ်းရာတွင် အသုံးပြုရန်အတွက် ကွင်းတားပိုက် ၃၀ လက်အား သွားရောက်ထောက်ပ့ံပေးခဲ့ကြောင်း သိရှိရပါသည်။
-
ကလေးမြို့ အ-ထ-က(၃) စိန်မယ်ရီကျောင်း၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
================================================= Source: ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁၈-၁-၂၀၁၈) ရက်နေ့၊ နံနက် (၁၀းဝဝ) မှ (၁၁း၃၀) ထိ ကလေးမြို့ အ-ထ-က(၃) စိန်မယ်ရီကျောင်း၌ ကျောင်းသား/သူ(၃၅၀) ကျော်အား သဘာဝဘေးအန္တရာယ်လျော့ပါးရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သိရှိရပါသည်။
-
အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁-၂၀၁၈) ရက်နေ့တွင် ကလေးမြို့ အ.ထ.က (၂) တာဟန်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၃၀၀) ဦးအား သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာများဟောပြောဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး(ကဆရ)









