Category Archives: News
-
တောင်ကြီးခရိုင်၊ ရပ်စောက်မြို့တွင် ငလျင်ဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၉-၁-၂၀၁၈) ရက်နေ့၊ ညနေပိုင်းတွင် တောင်ကြီးခရိုင်၊ ရပ်စောက်မြို့၌ ငလျင်ဘေးနှင့် အခြားဘေးများအတွက် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်းလူဦးရေ(၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ Source : ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ကျောက်မဲမြို့နယ်၊ အောင်မြေသာယာကျောင်းတွင် သဘာဝဘေးအန္တရာယ် အသိပညာပေး ဟောပြောခြင်း ပြုလုပ်မှုသတင်း
(၁၉-၁-၂၀၁၈) ရက်နေ့တွင် ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်ကျောက်မဲမြို့နယ်အောင်မြေသာယာကျောင်းသို့ တိမ်းရှောင်ရောက်ရှိနေသော တိုက်ပွဲရှောင်ကျောင်းသားကျောင်းသူ (၆၀) ဦးအား သဘာဝဘေးအန္တရာယ်ဆောင်ရန် ရှောင်ရန်များ ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
UEHRD ပြည်ထောင်စုစီမံကိန်းတွင် ပါဝင်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ထိုင်းသံအမတ်ကြီး H. E. Mr. Jukr Boon-Long နှင့် ဥရောပသမဂ္ဂအဖွဲ့ရုံး၊ သံအမတ်ကြီးတို့က သီးခြားစီလာရောက်တွေ့ဆုံမှုသတင်း
၁၉-၁-၂၀၁၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ထိုင်းနိုင်ငံ သံအမတ်ကြီး H.E Mr. Jukr Boon-Long နှင့် ဥရောပသမဂ္ဂအဖွဲ့ရုံး၊သံအမတ်ကြီး H.E Mr. Hhristian Schmidt တို့က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမတွင် သီးခြားစီလာရောက်တွေ့ဆုံပါသည်။ ထိုင်းသံအမတ်ကြီး H. E. Mr. Jukr Boon-Longက ထိုင်းနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်တွင် စီမံကိန်းများဆောင်ရွက်နေပါကြောင်း၊ အထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်းများ ပြုပြင်ခြင်း၊ ရပ်ရွာပိုင်ဆန်စက်ထူထောင်ခြင်းနှင့် သင်တန်းများပေးခြင်းတို့ဖြစ်ပါကြောင်း၊ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်တွင် အိမ်ရာဆောက်လုပ်ရေးကဏ္ဍ၌ အကူအညီပေးလိုပါကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁-၂၀၁၈) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ တံခွန်တိုင်ကျေးရွာအုပ်စု၊ တံခွန်တိုင် ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၅၀) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများဆွေးနွေးဟောပြောခြင်း၊ ခေါက်ဆွဲ ခြောက်ထုပ်များဝေငှပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ကလေးဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြီးစီးမှု
ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁-၂၀၁၈) ရက်နေ့ နံနက်(၀၉:ဝဝ)နာရီမှ(၁၀:၃၀)နာရီထိ ကလေးဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် နိုင်ငံရေးအဖွဲ့အစည်းများအား သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ရာ ဟောပြောပွဲသို့ လူဦးရေ (၁၀၀)ကျော် တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သရက်မြို့နယ်၊ တလပါးကျေးရွာအုပ်စု၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
================================================= Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁-၂၀၁၈) ရက်နေ့တွင် သရက်မြို့နယ်၊ တလပါးကျေးရွာအုပ်စုသို့ သွားရောက်၍ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ကျေးရွာပြည်သူလူထု (၁၁၄) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်သူများကို လက်ကမ်းစာစောင်များ၊ မီးဘေးနှင့်ငလျင်ဘေး vinylများ၊ winဆပ်ပြာမှုန့်ထုပ်များ ဝေငှခဲ့ကြောင်း သိရှိရပါသည်။
-
မကွေးမြို့နယ်၊ သမန်းတော(မြောက်)ကျေးရွာ၌ ငလျင်ဘေးနှင့် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
================================================= Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁-၂၀၁၈) ရက်နေ့တွင် မကွေးမြို့နယ်၊ သမန်းတော(မြောက်)ကျေးရွာ၌ ငလျင်နှင့်သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျေးရွာသူ/ကျေးရွာသား (၁၂၀) ဦးတက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ခေါက်ဆွဲခေါက်များ ဝေငှခဲ့ကြောင်း သိရှိရပါသည်။
-
တောင်ကြီးခရိုင် ရပ်စောက်မြို့နယ် အင်တောမြို့၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
================================================= Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးခရိုင် ရပ်စောက်မြို့နယ် အင်တောမြို့၌ ငလျင်ဘေးနှင့် အခြားဘေးများအတွက် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။ ဟောပြောပွဲသို့ အင်အား (၆၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
-
တောင်ကြီးမြို့နယ်၊ အထက ဖာမွန်းနှင့် အထက(ခွဲ)နားဘောင်တို့၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
================================================= Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ်၊ အထက ဖာမွန်း၌ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ (၄၀၀) ခန့်အားလည်းကောင်း၊ ညနေပိုင်းတွင် တောင်ကြီးမြို့နယ်၊ အထက(ခွဲ)နားဘောင်၌ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ (၅၀၀) ဦးခန့်အားလည်းကောင်း သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူများက ငလျင်ဘေး မိုးကြိုးဘေး လေဘေး ရေဘေး မြေပြိုဘေး မီးဘေးတို့နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အသိပညာဗဟုသုတပေးခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်းနှင့် အသိပညာပေးဗီနိုင်းများ ကျောင်းသို့ ပေးအပ်ခြင်းများပြုလုပ်ခဲ့ကြောင်း … Read more
-
ဒေးဒရဲမြို့နယ်၊ အ.ထ.က ခွဲ မြို့မကျောင်း၌ ငလျင်ဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေးဟောပြောခြင်းနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်း ဆောင်ရွက်ခဲ့မှုသတင်း
================================================= Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဒေးဒရဲမြို့နယ်၊ ကြက်ခြေနီအဖွဲ့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၁၈-၁-၂၀၁၈) ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊ အ.ထ.က ခွဲ မြို့မကျောင်း၌ ငလျင်ဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပြီး ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းကိုပါ ပူးတွဲအသိပညာပေးဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၄၅၀) ဦးတို့က စိတ်ပါ၀င်စားစွာ တက်ရောက်ခဲ့ကြပါသည်။ ထို့နောက်ငလျင်အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ဗီနိုင်းပိုစတာများပေးအပ်ခြင်းနှင့် ငလျင်အသိပညာပေးဗွီဒီယိုပြသခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။









