Category Archives: News
-
အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁-၂၀၁၈) ရက်နေ့တွင် ဘားအံမြို့နယ်၊ စံဖရီးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ လူဦးရေ (၂၀၀) ဦးအား ငလျင်ဘေး၊ မီးဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေးတို့နှင့် ပတ်သက်သော ဆောင်ရန်/ ရှောင်ရန် အကြောင်း အရာများအား အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူး တိုင်းဒေသကြီးဦးစီးမှူးရုံး (၂၅-၁-၂၀၁၈)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်၊ ရှမ်းကြေးရပ်ကွက်တွင် ဖြစ်ပွားခဲ့သော မီးဘေးမှ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၉)မျိုးနှင့် Family Kit (၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀ဝ/-)ကျပ်၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၂၆၀ဝ/-)ကျပ်၊ သေဆုံးသူတစ်ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀ဝဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၁၂၆၀ဝ/-)ကျပ်တို့အား (၂၆-၁-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပေါက်တောကျေးရွာအုပ်စု၊ မိုင် (၂၀) ကျေးရွာ၊ ကွင်းအမှတ် (၈) တွင် (၂၄-၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် သေဆုံးသူ (၃) ဦးအတွက် တစ်ဦးလျှင် (၃၀၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၉၀၀,၀၀၀) ကျပ်အား (၂၆-၁-၂၀၁၈) ရက်နေ့တွင် သေဆုံးသူများ၏ အမွေခံ ဒေါ်ခင်ကြည်ထံသို့ လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁-၂၀၁၈)ရက်နေ့ (၁၃:၃၀)နာရီချိန် သထုံမြို့၊ အောက်ကျင်းရပ်ကွက်တွင် ပြည်သူ (၈၀)ဦးအား ငလျင်ဘေးနှင့်ပတ်သက်သည့် ရှောင်ရန်/ဆောင်ရန်များ၊ ဗီဒီယိုများပြသပြီး အသိပညာပေးဟောပြောခဲ့ပါသည်။ ထို့နောက် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုကြိုးဘေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၁၈)ရက်နေ့တွင် ကျောက်ဖြူပညာရေးကောလိပ် ပညာတန်ဆောင်ခန်းမ ၌ စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းအား ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူ (၃၀)ဦးတက်ရောက်ခဲ့ပါသည်။ ထိုပြင် သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပညာရေးကောလိပ်မှ ဆရာ/ဆရာမများ၊ မီးသတ်ဦးစီးမှူးနှင့် မိုးဇလခရိုင်မှူးတို့တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂၄-၁-၂၀၁၈)ရက်နေ့မှ (၂၆-၁-၂၀၁၈)ရက်နေ့ထိ (၃)ရက်တာကြာမြင့်ဖြစ်ကြောင်း သတင်းရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ သောင်ဘုတ်ကျေးရွာအုပ်စု၊ အလယ်ကျွန်းကျေးရွာ၌ ကမ်းပြိုဘေးသင့်သူများအား ထောက်ပံ့ပြီးစီးမှု
ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ သောင်ဘုတ်ကျေးရွာအုပ်စု၊ အလယ်ကျွန်းကျေးရွာတွင် (၁၇-၁-၂၀၁)ရက်နေ့၌ ကမ်းပြိုကျမှု ဖြစ်ပွားခဲ့ရာ ကမ်းပြိုဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ ဘေးသင့်လူဦးရေ (၆) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၂,၆၀၀/-)ကျပ်တို့ကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက (၂၅-၁-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ပဲကြီးကျွန်းအုပ်စု၊ ရေလယ်ကျွန်းကျေးရွာ၌ ကမ်းပြိုဘေးသင့်သူများအား ထောက်ပံ့ပြီးစီးမှု
ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ပဲကြီးကျွန်းအုပ်စု၊ ရေလယ်ကျွန်းကျေးရွာတွင် (၁၈-၁-၂၀၁၈)ရက်နေ့၌ ကမ်းပြိုကျမှု ဖြစ်ပွားခဲ့ရာ ကမ်းပြိုဘေးသင့်အိမ်ခြေ (၁၃) လုံး၊ အိမ်ထောင်စု (၁၃) စု၊ ဘေးသင့်လူဦးရေ (၅၄) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၃၀၀,၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၁၃,၄၀၀/-)ကျပ်တို့ကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက (၂၅-၁-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ သွားရောက် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁-၂၀၁၈)ရက်နေ့တွင် ကန်တက်ကုန်းဘုန်းတော်ကြီးသင်ပညာရေး ကျောင်းရှိ ကလေးငယ် (၁၅၀၀)ဦးအား သဘာဝဘေးအန္တရာယ်များ အထူးသဖြင့် ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ သိသင့်သိထိုက် သည့် အသိပညာဗဟုသုတများ၊ ဆောင်ရန်ရှောင်ရန်များအား သရုပ်ပြကစားခြင်း၊ သရုပ်ဖော်ပုံများဖြင့် ပုံပြင်များပြောပြခြင်း နည်းလမ်း များဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျုံမနင်းကျေးရွာနှင့် ကျုံဝမ်းကျေးရွာတို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြီးစီးမှု
မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁-၂၀၁၈)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှ (၁၁:၃၀)နာရီအထိ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျုံမနင်းကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ရာ ကျေးရွာသူကျေးရွာသား (၁၅၀) ဦးတက်ရောက်ခဲ့ကြောင်းနှင့် နေ့လည် (၁၂:၀၀) နာရီ မှ (၁၃:၀၀)နာရီအထိ ကျုံဝမ်းကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးမှု ပြုလုပ်ခဲ့ရာ ကျေးရွာသူကျေးရွာသား (၁၅၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
Cyclone shelter ဆောက်လုပ်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၁-၂၀၁၈)ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့ သဘော့ဆိပ်ကျေးရွာ၌ cyclone shelter ဆောက်လုပ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)









