Category Archives: News
-
ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၂-၂၀၁၈)ရက်နေ့တွင် ဘားအံမြို့ တောင်တန်းသာသနာပြုပရဟိတကျောင်း၌ ငလျင်ဘေးအပါအဝင် မီးဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျောင်းသား (၇၀)ဦးအား တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်ခဲ့သောကျောင်းသူ/ကျောင်းသားများအား အသိပညာပေးလက်ကမ်းစာစောင်များ၊ ကျောင်းသုံးဗလာစာအုပ်များ၊ ဘောပင်နှင့် ခဲတံများအား ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ခန္တီးခရိုင်ဦးစီးမှူးရုံးမှ ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နန်စီပွန်ရတနာနယ်မြေရှိ ရေမဆေးကျောက်ရှာဖွေသူများအား ပြန်လည်နေရာချထားပေးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၃-၂-၂၀၁၈) နေ့တွင် ပြောင်းရွှေ့တဲအိမ် (၁၉) လုံးအတွက် (၁)တဲလျှင် (၃၀,၀၀၀) ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေ (၅၇၀,၀၀၀) ကျပ်နှင့် ပြောင်ရွှေ့အိမ် (၁)လုံးအတွက်ထောက်ပံ့ငွေ (၁၀၀,၀၀၀) စုစုပေါင်း ထောက်ပံ့ငွေ (၆၇၀,၀၀၀) ကျပ် အားထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုက်ထိုမြို့နယ်၊ ကံ့ကော်ရပ်ကွက်၌ (၂-၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်နေအိမ် (၁) အိမ်ထောင်စာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ Family Kit (၁) ထုပ်၊ ရေပုံးအဖုံးပါ (၂) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် လူဦးရေး(၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၆,၈၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၁၆,၈၀၀) ကျပ်တို့အား (၃-၂-၂၀၁၈) ရက်နေ့တွင် ကျိုက်ထို မြို့နယ်၊ ကံ့ကော်ရပ်ကွက် … Read more
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၂-၂၀၁၈) ရက်နေ့တွင် လပွတ္တာမြို့နယ်၊ ကိုင်းသောင်ကျေးရွာအုပ်စု၊ ကိုင်းသောင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ပြည်သူလူထု (၃၀) ဦးခန့်အား သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်း စာစောင်များဝေငှပေးခြင်းနှင့် နံရံကပ်ပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး
-
ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်မြို့၊ လီဆူဘော်ဒါ IDPs စခန်းတွင် (၃-၂-၂၀၁၈)ရက်နေ့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ မီးဘေး၊ မြေပြိုဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေးများနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို အသိပညာပေးဆွေးနွေးဟောပြောပွဲပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲသို့ စုစုပေါင်းလူဦးရေ (၁၁၀)ဦး ခန့်တက်ရောက်ခဲ့ပြီး သဘာဝဘေးနှင့်ပက်သက်သည့် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
-
ခန္တီးခရိုင်ဦးစီးမှူးရုံးမှ ပြန်လည်နေရာချထားပေးရေးနှင့် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နန်စီပွန်ရတနာနယ်မြေရှိ ရေမဆေးကျောက်ရှာဖွေသူများအား ပြန်လည်နေရာချထားပေးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၂-၂-၂၀၁၈) နေ့တွင် ပြောင်းရွှေ့တဲအိမ် (၃၇) လုံးအတွက် (၁)တဲလျှင် (၃၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၁,၁၁၀,၀၀၀) ကျပ်တို့အား သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံသံအမတ်ကြီးမှ လာရောက်တွေ့ဆုံ
၂-၂-၂၀၁၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံသံအမတ်ကြီး H. E. Mr. Pier Giorgio Aliberti က ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ကြီး H. E. Mr. Pier Giorgio Aliberti က ရခိုင်ပြည်နယ်တွင် အစိုးရ၏ ဆောင်ရွက်ချက်များအပေါ် အသိအမှတ်ပြုပါကြောင်း၊ ရခိုင်ပြည်နယ်ဖြစ်စဉ်၏ ရှုပ်ထွေးမှုကိုနားလည်ပါကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်း … Read more
-
မွန်ပြည်နယ်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၂-၂၀၁၈)ရက်နေ့ ရေးမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်တွင် နေအိမ် (၃)လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရာ အိမ်ခြေ (၃)အိမ်မှ လူဦးရေ (၁၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၅၀၀,၀၀၀)၊ တစ်ပတ်စာဆန်ဖိုးငွေကျပ် (၂၇,၃၀၀) နှင့် Family Kit (၃) ထုပ် တို့အား သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲပြလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၂-၂၀၁၈) ရက်နေ့တွင် ဗန်းမော်မြို့ သီလရှင်ပညာရေးကျောင်း (၃)မိုင်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ မီးဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မိုးကြိုး ဘေးနှင့်ပက်သက်သည့် ဆောင်ရန်ရှောင်ရန်များကို လူဦးရေ (၁၅၀)ဦးခန့်အား အသိပညာပေးဆွေးနွေးဟောပြောပွဲခဲ့ပြီး သဘာဝဘေးနှင့်ပက်သက်သည့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး
-
မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ အင်းဝိုင်းကျေးရွာအုပ်စု၊ ကွင်းဒလလေးကျေးရွာ၌ (၁-၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၉) မျိုး၊ Family Kit (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် လူဦးရေ(၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄,၂၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၄,၂၀၀) ကျပ်တို့အား (၂-၂-၂၀၁၈) ရက်နေ့တွင် … Read more









