Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၂-၂၀၁၈) ရက်နေ့တွင် ကော့သောင်းမြို့၊ ဆယ်မိုင်ကျေးရွာအုပ်စု၊ တာညုံပါဒကျေးရွာမှ ပြည်သူလူထု (၈၀) ဦးနှင့် အ.လ.က (ခွဲ) ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၁၂၀) ဦးတို့အား သဘာဝဘေးအသိပညာများ ဟောပြောပို့ချခြင်း၊ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အကြောင်းအရာများဆွေးနွေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး
-
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ပြောကြား
================================================= ၅-၂-၂၀၁၈၊ နေပြည်တော် မိမိဆန္ဒအလျောက်နေရပ်ပြန်ခြင်းဆိုင်ရာ ဒုတိယအကြိမ်အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို (၅-၂-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းက နေပြည်တော်ရှိ M Gallery By Sofitel Hotel တွင် ကျင်းပပြုလုပ်ရာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် ၂၀၁၆ ခုနှစ်၊ မေလကပင် စတင်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်သော ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေးဗဟိုကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ၄င်းကော်မတီ၏အောက်တွင် လုပ်ငန်းကော်မတီ(၄)ခုကိုလည်း … Read more
-
ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်၊ ရာဇသင်္ကြန်လမ်းနေ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး ================================================= ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်၊ ရာဇသင်္ကြန်လမ်း၌ (၄-၂-၂၀၁၈) ရက်နေ့တွင် မီးလောင်မှုကြောင့် လုံးဝပျက်စီးခဲ့သည့် အိမ်ခြေ(၄)လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် အိမ်ခြေ(၂)လုံးတို့မှ စုစုပေါင်းအိမ်ထောင်စု(၈)စု၊ စုစုပေါင်းလူဦးရေ(၄၄)ဦးတို့ မီးဘေးသင့်ခဲ့သဖြင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် (၅-၂-၂၀၁၈) ရက်နေ့တွင် အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာ (၇)ရက်စာဖိုး (၉၂၄၀၀ိ/-) စုစုပေါင်းထောက်ပံ့ငွေ (၉၉၂,၄၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး အိမ်ထောင်စု(၈)စုစာအား မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
ဗန်းမော်မြို့ (၃) မိုင် အလကခွဲကျောင်းနှင့် ဖိုးဒေဝ အထကခွဲကျောင်းတို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
================================================= Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး ================================================= ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၂-၂၀၁၈) ရက်နေ့၊ (၀၉းဝဝ~၁၀းဝဝ) နာရီအချိန်တွင် ဗန်းမော်မြို့ (၃) မိုင်၊ အလကခွဲကျောင်း၌ လူဦးရေ (၁၆၀) ဦးအားလည်းကောင်း၊ (၁၁းဝဝ~၁၂းဝဝ) နာရီအချိန်တွင် ဖိုးဒေဝ အထကခွဲကျောင်း၌ လူဦးရေ (၁၇၀) ဦးအားလည်းကောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးနှင့်ပက်သက်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
-
နေရပ်ပြန်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ ပယင်းမှော်လုပ်ကွက်များမှ မိုးကောင်းမြို့သို့ (၃-၂-၂၀၁၈) ရက်နေ့၊ ည (၂၂:၅၀)နာရီအချိန်တွင် ရောက်ရှိလာသော နေရပ်ပြန်ပြည်သူ (၄၃) ဦးအတွက် မိုးကောင်းမြို့သာသာနာ့ဗိမာန်၌ တီရှပ် (၁)ထည်၊ တဘက်(၁)ထည်၊ ဆပ်ပြာ (၁)တောင့်၊ ဆန်ရိက္ခာ (၇) ရက်စာ (၂၁၀၀)ကျပ်နှင့် ရထားလက်မှတ်ခ စုစုပေါင်း (၅၆၇၀၀/-)ကျပ်တို့အား (၄-၂-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး
-
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ငလျင်နှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၈)တွင် ပြည်သူများအနေဖြင့် ငလျင်ဘေးနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင် သိရှိသင့်သည်များအား ပိုမိုကျယ်ပြန့်စွာ သိရှိနားလည်စေရေးအတွက် ငလျင်ဘေးအသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းအား (၄-၂-၂၀၁၈)ရက်နေ့ နံနက် (၀၇:၀၀)နာရီမှ (၀၈:၀၀)နာရီအထိ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းသို့ ပြည်သူလုထု (၃၉၆)ဦးတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ကော့သောင်းမြို့၊ ချမ်းဖန်းကျေးရွာအုပ်စု၊ မပုတေးကျေးရွာ၌ ငလျင်ဘေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
================================================= Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး ================================================= ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၂-၂၀၁၈) ရက်နေ့တွင် ကော့သောင်းမြို့၊ ချမ်းဖန်းကျေးရွာအုပ်စု၊ မပုတေးကျေးရွာ၌ ငလျင်ဘေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ လူဦးရေ (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
-
ခန္တီးခရိုင်ဦးစီးမှူးရုံးမှ ပြောင်းရွှေ့အိမ်များအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နန်စီပွန်ရတနာနယ်မြေရှိ ရေမဆေးကျောက်ရှာဖွေသူများအား ပြန်လည်နေရာချထားပေးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၄-၂-၂၀၁၈) နေ့တွင် ပြောင်းရွှေ့တဲအိမ် (၉) လုံးအတွက် (၁)တဲလျှင် (၃၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၂၇၀,၀၀၀) ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကော့သောင်းမြို့၊ ချောင်းဝကျေးရွာနှင့် ရွာသာယာကျေးရွာများ၌ ငလျင်ဘေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
================================================= Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး ================================================= ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁-၂၀၁၈) ရက်နေ့တွင် ကော့သောင်းမြို့ ချောင်းဝကျေးရွာ၌လည်းကောင်း၊ (၂၉-၁-၂၀၁၈) ရက်နေ့တွင် ရွာသာယာကျေးရွာ၊ အလကခွဲကျောင်း၌ လည်းကောင်း ငလျင်ဘေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
-
လပွတ္တာမြို့နယ်၊ ပိုးလောင်းကျေးရွာအုပ်စု၊ ဗြန့်ကြီးကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
================================================= Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး ================================================= ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၂-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် လပွတ္တာမြို့နယ်၊ ပိုးလောင်းကျေးရွာအုပ်စု၊ ဗြန့်ကြီးကျေးရွာ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ ကျေးရွာနေပြည်သူ (၃၀) ဦးခန့်အား တက်ရောက်ခဲ့ကြပြီး တာဝန်ရှိသူများက တက်ရောက်သူများထံ လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများ ဝေငှခဲ့ကြောင်း သိရှိရပါသည်။









