=================================================
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး
=================================================
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်၊ ရာဇသင်္ကြန်လမ်း၌ (၄-၂-၂၀၁၈) ရက်နေ့တွင် မီးလောင်မှုကြောင့် လုံးဝပျက်စီးခဲ့သည့် အိမ်ခြေ(၄)လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် အိမ်ခြေ(၂)လုံးတို့မှ စုစုပေါင်းအိမ်ထောင်စု(၈)စု၊ စုစုပေါင်းလူဦးရေ(၄၄)ဦးတို့ မီးဘေးသင့်ခဲ့သဖြင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် (၅-၂-၂၀၁၈) ရက်နေ့တွင် အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာ (၇)ရက်စာဖိုး (၉၂၄၀၀ိ/-) စုစုပေါင်းထောက်ပံ့ငွေ (၉၉၂,၄၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး အိမ်ထောင်စု(၈)စုစာအား မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။