Category Archives: News
-
ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၂-၂၀၁၈)ရက်နေ့၊ ထားဝယ်ပညာရေးကောလိပ်၌ သင်တန်းသားနှင့်နည်းပြအင်အား (၄၅၀)ဦးအား ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောခြင်း ၊ ဘောလ်ပင်နှင့် ဗီနိုင်းပိုစတာများဝေငှပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး
-
မြစ်ကြီးနားမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ သဘာဝဘေးအန္တ္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်မှုသတင်း
================================================= Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး ================================================= ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးသည် (၆-၂-၂၀၁၈) ရက်နေ့တွင် မြစ်ကြီးနားမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ IOM အဖွဲ့အစည်းတို့နှင့်ပူးပေါင်း၍ သဘာဝဘေးအန္တ္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်ခဲ့ရာ လူမှုရေးဝန်ကြီးဒေါက်တာ သင်းလွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ပြောကြားခြင်းနှင့် IOM အဖွဲ့အစည်းမှ Project Coordinator Dedy Alfian က သင်တန်းနှင့်ပတ်သတ်၍ ရည်မှန်းချက်များအား ရှင်းလင်းတင်ပြခဲဲ့့ကြပါသည်။ သင်တန်းအား (၆-၂-၂၀၁၈) မှ (၉-၂-၂၀၁၈) အထိ ဖွင့်လှစ် ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နန်စီပွန်ရတနာနယ် မြေရှိ ရေမဆေးကျောက်ရှာဖွေသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိရာ (၇-၂-၂၀၁၈) ရက်နေ့တွင် ပြောင်းရွှေ့တဲအိမ် (၇) လုံးအတွက် (၁) လုံးလျှင် (၃၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ (၂၁၀,၀၀၀) ကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:ခန္တီးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ရှမ်းပြည်နယ်နေ့အခမ်းအနား၌ သဘာဝဘေးအသိပညာပေးပြခန်း ခင်းကျင်းပြသမှုသတင်း
================================================= Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး ================================================= ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၂-၂၀၁၈) ရက်နေ့တွင် ကျရောက်သော ရှမ်းပြည်နယ်နေ့အခမ်းအနား၌ သဘာဝဘေးအသိပညာပေးပြခန်း ခင်းကျင်းပြသခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် စစ်ဘက်နယ်ဘက်မှ အကြီးအကဲများနှင့် အခြားဧည့်သည်တော်များ တက်ရောက်ကြပြီး သဘာဝဘေးအသိပညာပေးပြခန်းအား လာရောက်ကြည့်ရှုကြရာ ပြည်နယ်ဦးစီးမှူးက ပြခန်း၌ ပြသထားသည်များကို ရှင်းလင်းခဲ့ပါသည်။ အဆိုပါပြခန်းအား ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့ထိ (ပြည်ထောင်စုနေ့) ဆက်လက်ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအသိပညာပေးဟောပြောကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၂-၂၀၁၈) ရက် နေ့တွင် ဖျာပုံမြို့နယ်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဂေါ်ဒူကျေးရွာတွင် သဘာဝဘေးအသိပညာပေး ဟောပြောခြင်းများကို ဂေါ်ဒူ အလကခွဲ စာသင်ကျောင်းတွင်လည်းကောင်း၊ ဘုန်တော်ကြီးကျောင်းတွင် လည်းကောင်း ဟောပြောခဲ့ရာ မြို့အုပ်ချုပ်ရေးမှူးနှင့် မိတ်ဘက်အဖွဲ့အစည်းများ၊ ကျောင်းသား/ကျောင်းသူ၊ ရပ်ရွာ ပြည်သူလူထု စုစုပေါင်း (၄၀၀) ဦးတက်ရောက်ခဲ့ကြပါသည်။ စာသင်ကျောင်းတွင်လည်း ငလျင်သရုပ်ပြ လေ့ကျင့်ခဲ့ခြင်း၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်၊ ပိုစတာ၊ ဗွီနိုင်းမျာလည်းဖြန့်ဝေခြင်း၊ ယခုနှစ် အတွင်းဆောက်လုပ်နေသည့် ရှဲလ်တာကို အသုံးပြုပုံနည်းစနစ်များကို ဖြန့်ဝေအသိပညာပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သရက်တော ရပ်ကွက်၊ ဘီးတန်းလမ်းတွင် (၇-၂-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားသော မီးဘေးသင့်နေအိမ် (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်၊ မီးဘေးသင့်လူဦးရေ (၁၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၇၃၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံံ့ငွေ (၃၂၇၃၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး ကတ္တူပုံးအပါ (၃)ပုံး၊ Family Kits (၃) ပုံးတို့အား (၇-၂-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး
-
ကျုံပျော်မြို့နယ်၊ သောင်ရွာကျေးရွာအုပ်စု၊ သောင်ရွာ ရွာမကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
================================================= Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး ================================================= ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၂-၂၀၁၈) ရက်နေ့တွင် ကျုံပျော်မြို့နယ်၊ သောင်ရွာကျေးရွာအုပ်စု၊ သောင်ရွာ ရွာမကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပရာ ပြည်သူလူထု (၁၅၀) ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် တာဝန်ရှိသူများက ဘေး(၈)မျိုးပါ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးထံ ပိုစတာများ ဗီနိုင်းများ ပေးအပ်ခြင်း၊ ကျေးရွာအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ ဖွဲ့စည်းပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံသံအမတ်ကြီးမှ လာရောက်တွေ့ဆုံမှုသတင်း
၆-၂-၂၀၁၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား တာဝန်ထမ်းဆောင်ပြီးပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံသံအမတ်ကြီး H. E. Mr. Dr. Ito Sumardi က ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံဆိုင်ရာအင်ဒိုနီးရှားသံအမတ်ကြီးက ယခုလိုလက်ခံတွေ့ဆုံသည့်အတွက် ကျေးဇူးတင်ရှိပါ ကြောင်း၊ မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်ခဲ့သည့်ကာလအတွင်း အဆင်ပြေချောမွေ့ပြီး မိမိနိုင်ငံတွင် နေထိုင်ရသကဲ့သို့ ခံစားမိပါ ကြောင်း၊ ရခိုင်ပြည်နယ်ကိစ္စနှင့် ပတ်သက်၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ … Read more
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ် ခရိုင်၊ ကျုံပျော်မြို့နယ်၊ အထောင်မြို့၊ အမှတ်(၄)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် (၅-၂-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၈၄၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၀၈၄၀၀/-)ကျပ်နှင့် Family Kits (၂၆)မျိုးပါ (၁)ပုံး(၈၂၀၀၀/-)ကျပ်၊ ပလပ်စတစ်ပုံး(၁)ပုံး (၆၁၅၀/-)ကျပ်တို့အား မီးဘေးသင့်ပြည်သူများ၏ (၆-၂-၂၀၁၈) ရက်နေ့တွင် လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး
-
မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်မြို့နယ်၊ ဇေယျသီရိရပ်ကွက်၌ (၅-၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သော နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ Family Kit (၁) ထုပ်၊ ပလပ်စတစ်ရေပုံး (၂) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆,၃၀၀) ကျပ်တို့အား (၆-၂-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source:မွန်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)









