=================================================
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး
=================================================
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၂-၂၀၁၈) ရက်နေ့တွင် ကျုံပျော်မြို့နယ်၊ သောင်ရွာကျေးရွာအုပ်စု၊ သောင်ရွာ ရွာမကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပရာ ပြည်သူလူထု (၁၅၀) ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် တာဝန်ရှိသူများက ဘေး(၈)မျိုးပါ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးထံ ပိုစတာများ ဗီနိုင်းများ ပေးအပ်ခြင်း၊ ကျေးရွာအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ ဖွဲ့စည်းပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။