Category Archives: News
-
ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၃-၂၀၁၈)ရက်နေ့ကဖြစ်ပွားခဲ့သော ကျိုင်းတုံ မြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊ ဟွေယုတ်ကျေးရွာ မီးဘေးသင့်အိမ်ထောင်စု (၁)အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး(၂) သိန်း ၊ လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ တန်ဖိုးငွေကျပ် (၁၄,၇၀၀) ၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၂၁၄,၇၀၀) အား (၈-၃-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ဒဏ်ရာရရှိသည့် လူနာတစ်ဦးအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၃-၂၀၁၈) ရက်နေ့တွင် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့၊ အောင်ဇေယျာရပ်ကွက် မိုင်းထိဒဏ်ရာရှိသူ (၁) ဦးအတွက် (၅၀၀၀၀/-)ကျပ်တိတိအား မြို့နယ်အထွေထွေ အုပ်ချူပ်ရေး ဦးစီးဌာနမှ တဆင့်သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၃-၂၀၁၈)ရက်နေ့တွင် မြောင်းမြမြို့နယ်၊ ဝါးကျစ်လိမ်ကျေးရွာအုပ်စု၊ ဝါးကျစ်လိမ်ကျေးရွာ၊ နာဇရက်ဘုရှ်ပရဟိတဂေဟာရှိ ကျောင်းသား/သူ(၁၂၀)ဦးခန့်အား ဦးစီးဌာန၏ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များ၊ သဘာဝဘေးနှင့် ပတ်သက်သော အသိပညာများဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်းသတင်းရရှိပါသည်။
-
ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာတွင် (၂၈-၂-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးသင့် အိမ်ထောင်စု(၁)စု၊ လူဦးရေ(၉)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး(၃၂ မျိုးပါ Relief Kit (၁)ပုံး) အိမ်ဆောက်ပစ္စည်းတန်ဖိုး(၂၀၀,၀၀၀)ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၈,၉၀၀)ကျပ်တို့အား (၈-၃-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် ယာယီရုံးသစ်ဖွင့်လှစ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)တွင် ယာယီရုံးသစ်ဖွင့်လှစ်ခြင်းအား (၈-၃-၂၀၁၈)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်က ဖရူဆိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပခဲ့ကြောင်းနှင့် ပြည်နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး အောင်မြင်စွာဖွင့်လှစ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၃-၂၀၁၈)ရက်နေ့တွင် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ မြို့နယ်ဦးစီးမှူးရုံးအား မြို့နယ်အုပ်ချုပ်ရေးမှူး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များနှင့်အတူ မြို့နယ်ဦးစီးမှူးရုံး ဆိုင်းဘုတ်အား အမွှေးနံ့သာရေပတ်ဖျန်းပြီး အောင်မြင်စွာဖွင့်လှစ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်းဆင်းပွဲကျင်းပမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နယ်ပြည်တော်၊ တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၃-၂၀၁၈)ရက်နေ့မှ (၈-၃-၂၀၁၈)ရက်နေ့အထိ ပုဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ သင်တန်းသား (၃၀)ဦးဖြင့် ကျင်းပပြုလုပ်ခဲ့သော သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်းကို (၈-၃-၂၀၁၈)ရက်နေ့တွင် သင်တန်းဆင်းပွဲကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၃-၂၀၁၈)ရက်နေ့၌ ငပုတော မြို့နယ်၊ အုန်းပင်စုကျေးရွာတွင် ငပုတောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ပြည်သူလူထု(၁၀၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များလည်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေး ဟောပြောမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၃-၂၀၁၈)ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာအုပ်စု၊ ဘန်လောကျေးရွာ၌ သဘာဝဘေးအသိပညာ ပေးခြင်းအားအဓိကဆွေးနွေးခဲ့ပြီး သဘာဝဘေးနှင့်ပတ်သက်သည့် ရှောင်ရန်/ဆောင်ရန်များအား ဆွေးနွေးပြောကြားခဲ့ပြီး အဆိုပါ ဟောပြောပွဲသို့ ကျေးရွာနေပြည်သူ (၁၀၅)ဦးတက်ရောက်ခဲ့ကာ တက်ရောက်လာကြသူများအား လက်ကမ်းစာစောင်များနှင့် မီးဘေးပိုစတာဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။
-
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြား
နေပြည်တော် မတ် ၈ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီက ဦးစီးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) ၌ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကားပြောကြားသည်။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ၏ ဇနီး ဒေါ်စုစုလွင်၊ ဒုတိယ သမ္မတ ဦးမြင့်ဆွေ၏ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွှမ်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ … Read more









