
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၃-၂၀၁၈)ရက်နေ့၌ ငပုတော မြို့နယ်၊ အုန်းပင်စုကျေးရွာတွင် ငပုတောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ပြည်သူလူထု(၁၀၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များလည်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)