Category Archives: News
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၁၈)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီမှ (၁၁း၃၀)အထိ ဒေးဒရဲမြို့၊ အထက(၁)တွင်ဖွင့်လှစ်နေသည့် ကျောင်းအုပ်အဆင့် ဒုတိယတန်း(သင်ရိုးသစ်)အလုပ်ရုံဆွေးနွေးပွဲပထမအသုတ်တွင် ဆရာ၊ ဆရာမ (၇၀၀)ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး လက်တွေ့လေ့ကျင့်မှုများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2018 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများသည် (၁၉-၅-၂၀၁၈) ရက်နေ့ နေ့လည် (၁၄:၀၀)အချိန်မှ (၁၅း၃၀)အချိန်ထိ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် အ.ထ.က (၁၄)တွင် ဖွင့်လှစ်လျက်ရှိသော ဆရာ/ဆရာမများ မွမ်းမံသင်တန်းရှိ ဆရာ၊ ဆရာမ (၂၂၁)ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး၊ ငလျင်ဇာတ်တိုက် လက်တွေ့လေ့ကျင့်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_may2018 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
ကွင်းဆင်းဆောင်ရွက်မှုသတင်း
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ တင်းတောကျေးရွာအုပ်စု၊ တင်းတောကျေးရွာတွင် သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသောကြောင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ Hot line တယ်လီဖုန်းနံပါတ်သို့အကူအညီတောင်းခံမှုအရ အမှန်တစ်ကယ် လိုအပ်ပါက ဆောင်ရွက်ပေးနိုင်ရန်အတွက် ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) မှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr#rke_may2018Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅.၅.၂၀၁၈)ရက်နေ့တွင် လှိုင်းဘွဲမြို့နယ် ပိုင်ကျုံမြို့၊ ပေါလောက်ကျေးရွာအုပ်စု တောင်ကလေးကျေးရွာ၌ ကျေးရွာသူ/သား အင်အား(၁၀၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပြီး ကရင်ပြည်နယ်တွင်ဖြစ်လေ့ရှိသော ဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များအား ဆွေနွေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ဗီနိုင်းပိုစတာပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_may2018 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မိုးကြိုးဘေးကြောင့် သေဆုံးသူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇.၅.၂၀၁၈)ရက်နေ့၌ ဝေါမြို့နယ်၊ အရှေ့ ဘက်ကမ်းရပ်ကွက်၊ အောင်ချမ်းသာပိုင်း၊ သခင်မြ(၉)လမ်းတွင် ဖြစ်ပွားသော မိုးကြိုးဘေးကြောင့် သေဆုံးသူ ဦးမရမ်းသီး အသက်(၄၀)နှစ်အတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀/-)ကျပ်နှင့် ထိန်တပင်ကျေးရွာအုပ်စု၊ ထိန်တပင်ကျေးရွာတွင်ဖြစ်ပွားသော မိုးကြိုးဘေးကြောင့် သေဆုံးသူ ဦးမင်းဇာဦး အသက်(၂၀)နှစ်အတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀/-)ကျပ်တို့အား (၁၈.၅.၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ha_tls #bgo_may2018 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မြေသားရေကန်အား ကျောက်ရိုးစီမြေတားတမံပြုလုပ်ရန် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၁၈-၅-၂၀၁၈) ရက်နေ့တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ပဲယင်းတောင်ကျေးရွာ၌ တူးဖော်ထားသည့် မြေသားရေကန်အား ကျောက်ရိုးစီမြေ တားတမံပြုလုပ်ရန်အတွက် ထောက်ပံ့မှုရန်ပုံငွေ (၁၄.၉) သန်းအား ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဥက္ကဌထံ လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။#otr#shn_may2018Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေးဆွေးနွေးဟာပြောမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၁၈)ရက်နေ့၊ (၁၃း၀၀)နာရီမှ (၁၄း၃၀)နာရီထိ စစ်တွေမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ဓမ္မဇေယျခန်းမ၌ ဆရာ/ဆရာမ မွမ်းမံသင်တန်းတွင် ဆရာ/ ဆရာမ(၇၀၀)ဦးအား ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေးဆွေးနွေးဟာပြောခြင်း၊ လက်တွေ့လေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #rke_may2018 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄.၅.၂၀၁၈)ရက်နေ့၊ (၁၃:၃၀)နာရီအချိနတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် လယ်ကုန်းရပ်ကွက်၌ ဖြစ်ပွားသည့် မီးဘေးကြောင့် သွပ်မိုးပျဉ်ကာ (၂)ထပ် နေအိမ်(၃)လုံးအတွက် (၆၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု (၂)စု လူဦးရေ(၂၀)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးနှင့် (၃၂)မျိုးပါ Relief Kit ၊ဆန်ရိက္ခာ(၇)ရက် စာ (၂၀)ဦးအတွက် (၄၂၀၀၀/-)ကျပ်တို့အား (၁၈-၅-၂၀၁၈)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #kcn_may2018 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကချင်ပြည်နယ်အတွင်း နယ်မြေလုံခြုံရေးအခြေအနေအရ တနိုင်းမြို့နယ်၊ အောင်လောဒ်ဒေသမှ မြစ်ကြီးနားမြို့၊ နောင်နန်းဂျော်မ ဆတ်နှစ်ခြင်းဘုရားကျောင်းသို့ တိမ်းရှောင်ရောက်ရှိလာသော မိသားစုဝင်များအား (၁၈-၅-၂၀၁၈)ရက်နေ့တွင် တိုက်ပွဲရှောင်မိသားစု(၁၁၅)စု၊ လူဦးရေ(၄၉၃)ဦးတို့အတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မိုးကာစ၊ ရေစစ်၊ ရေပုံး၊ ဓား၊ ရေနွေးကရားအိုး၊ ဖျာစသည့် ပစ္စည်း (၆)မျိုးပါ (၁၆၃)စုံ ပစ္စည်းတန်ဖိုး (၃၈၆၃၁၀ ဝိ/-)ကျပ်အား ပြည်နယ်ဦးစီးမှူးရုံး ဝန်ထမ်းများမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ #otr #kcn_may2018 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများသည် (၁၇.၅.၂၀၁၈)နေ့ (၂၂း၂၀)အချိန်တွင် မိုးသည်း ထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဥတ္တရသီရိမြို့နယ် တောင်ညိုကျေးရွာအုပ်စု ကျောင်းစုကျေးရွာ တောင်ညိုကျေးရွာ မင်းနောင် ကျေးရွာ မရမ်းခုံကျေးရွာ ကြီးပွားကျေးရွာ (၅၂) သစ်စက်ကျေးရွာနှင့် အောင်ချမ်းသိမ်းကျေးရွာတို့၌ လေဘေးခံစားခဲ့ရသည့် လေဘေးသင့် ပြိုလဲနေအိမ်(၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၇၃၀၀၀၀ိ/-)၊ အမိုးလန်တစ်စိတ်တစ်ပိုင်းပျက်စီး(၁၅၇)လုံးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၃၇၆၅၀၀၀ိ/-)နှင့် ဘေးသင့်လူဦးရေ(၇၀၄)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၁၄၇၈၄၀၀/-)၊ စုစုပေါင်းကယ်ဆယ်ရေး ရန်ပုံငွေ (၆၉၇၃၄၀၀ိ/-)၊ (၃၂၆၅၇၉ရိ/-)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးနှင့်(၁၆)မျိုးတို့အား ဘေးသင့်ပြည်သူများလက်ဝယ်သို့ (၁၈.၅.၁၈) ရက်နေ့ (၁ရး၀၀)အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more









