Category Archives: News
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့လေ့ကျင့်မှုများဆောင်ရွက်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၁၈) ရက်နေ့တွင် ထားဝယ်မြို့၊ အ.ထ.က (၁) ကျောင်း၌ ဆရာ/ဆရာမ (၇၃၀) ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့လေ့ကျင့်မှုများကို ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar_eqk #tny_may2018
-
ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ လက်ပံပင်ကျေးရွာအုပ်စု၊ လက်ပံပင်ကျေးရွာ၌ (၂၀.၅.၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်နေအိမ် (၄)လုံး၊ အိမ်ထောင်စု (၄)စုမှ လူဦးရေ(၂၆)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုး (၃)ပုံး၊ ဆန်ရိက္ခာ (၇)ရက်စာ (၅၄၆၀၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀ိ/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၅၄၆၀၀ိ/-)ကျပ်တို့အား (၂၂.၅.၂၀၁၈)ရက်နေ့ (၀၉း၂၀)နာရီအချိန်တွင် လေဘေးသင့့်ပြည်သူများ၏ လက်ဝယ်အရောက်ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_may2018 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ပန်း ဇံကွင်းကျေးရွာအုပ်စု၊ ပန်းဇံကွင်းကျေးရွာ၌ (၂၀.၅.၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ်(၂)လုံး၊ အမိုးလန်နေအိမ် (၃)လုံး၊ အိမ်ထောင်စု (၅)စုမှ လူဦးရေ(၁၈)ဦးအတွက် Family kits (၂၆)မျိုးပါ (၂)ပုံး၊ ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုး (၃)ပုံး၊ ဆန်ရိက္ခာ (၇)ရက်စာ (၃၇၈၀၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၅၀၀၀၀ိ/-)ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၃၈၇၈၀၀ိ/-)ကျပ်တို့အား (၂၂.၅.၂၀၁၈) ရက်နေ့ (ဝရး၁၀)နာရီအချိန်တွင် လေဘေး သင့့်ပြည်သူများ၏ … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့လေ့ကျင့်မှုများဆောင်ရွက်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၁၈) ရက်နေ့တွင် သရက်ချောင်းမြို့နယ်၊ အထက်တန်းကျောင်း၌ ဆရာ/ဆရာမ (၆၉၀) ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့လေ့ကျင့်မှုများကို ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar_eqk #tny_may2018
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့လေ့ကျင့်မှုများဆောင်ရွက်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၁၈) ရက်နေ့တွင် ဖျာပုံမြို့၊ သီရိအဏ္ဏဝါ ခန်းမ၌ အ.ထ.က (၁) နှင့် (၂) တို့မှ ကျောင်းအုပ်အဆင့် ဒုတိယတန်း သင်ရိုးသစ်သင်တန်းတက်ရောက်နေသော ဆရာ/ဆရာမ (၁၀၀၀) ဦးအား (၁၄း၀၀) အချိန်မှ (၁၆း၀၀) နာရီအချိန်အထိ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းနှင့် လက်တွေ့လေ့ကျင့်ခြင်း များကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #ayy_may2018
-
မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ လေဘေးအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်တော်မြို့နယ် လမ်းမတော်ကျေးရွာအုပ်စု၊ ဝက်မှိုင်းကျေးရွာတွင် (၂၀-၅-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု (၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးနှင့် လုံးဝပျက်စီးအိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး စုစု ပေါင်း လူဦးရေ (၁၂)ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုး(၂၅၂၀၀ိ/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုး(၁၄၀၀၀၀ိ/-) စုစုပေါင်း(၁၆၅ ၂၀၀ိ/-)အား(၂၁-၅-၂၀၁၈)ရက်နေ့ မွန်းလွဲ(၁၄း၀၀)အချိန်တွင် လေဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက်သွား ရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #rke_may2018 Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၁၈) ရက်နေ့တွင် ဘီးလင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (Grade_2) သင်တန်း တက် ရောက်နေသော ဆရာ/ဆရာမ စုစုပေါင်း (၂၀၀) ဦးအား (၁၀း၀၀) အချိန်မှ (၁၁း၀၀) နာရီအချိန် အထိ ငလျင်ဘေးနှင့်ပတ်သက်သောအသိပညာများ၊ ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများအား ဆွေးနွေး ဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #mon_may2018
-
ငလျင်ဘေးအသိပညာပေးခြင်းနှင့် လက်တွေ့သဏ္ဍာန်တူလေ့ကျင့်မှုများ ပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၁၈) ရက်နေ့ (၁၁း၀၀) အချိန်မှ (၁၂း၀၀) နာရီအချိန်အထိ မြိတ်မြို့နယ်၊ အ.ထ.က (၁)နှင့် အ.ထ.က (၂) ၌ (Grade_2) မွမ်းမံသင်တန်းတက်ရောက်နေသော ဆရာ/ဆရာမများနှင့် (၁၅း၀၀) အချိန်မှ (၁၆း၀၀) နာရီ အချိန်အထိ (Grade_2) မွမ်းမံသင်တန်းတက်ရောက်နေသော ဆရာ/ဆရာမများနှင့် သင်တန်းကြီးကြပ် ရေးမှူးများ စုစုပေါင်း အင်အား (၁၂၆၀) ဦးအား ငလျင်ဘေးအသိပညာပေးခြင်းနှင့် လက်တွေ့သဏ္ဍာန် တူလေ့ကျင့်ခြင်းများကိုဆောင်ရွက်ခဲ့ပြီး ဘောပင်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_eqk … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းဟဲ ကျေးရွာအုပ်စု၊ ရှေခင် (၁) ကျေးရွာ၌ (၂၀-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၁) စုအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀ိ/-)ကျပ်အား (၂၁-၅-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #shn_may2018
-
ငလျင်ဘေးအန္တရာယ်ဆိုင်အသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့လေ့ကျင့်မှုများ ဆောင်ရွက်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် UNDP မှတာဝန်ရှိသူများ၊ UN-Habitat မှတာဝန်ရှိသူများ၊ Action Aid Myanmar မှတာဝန်ရှိသူများ၊ Plan International Myanmar မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၂၁-၅-၂၀၁၈) ရက်နေ့တွင် အနောက်ပိုင်း ခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဒုတိယသင်ရိုးတန်း သင်ရိုး သစ် မွမ်းမံသင်တန်းတက်ရောက်နေသော ဆရာ/ဆရာမ စုစုပေါင်း (၃၂၀) ဦးအား (၁၄း၀၀) အချိန်မှ (၁၆း၃၀) နာရီအချိန်အထိ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခြင်းနှင့် လက်တွေ့လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း … Read more









