
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၁၈) ရက်နေ့ (၁၁း၀၀) အချိန်မှ (၁၂း၀၀) နာရီအချိန်အထိ မြိတ်မြို့နယ်၊ အ.ထ.က (၁)နှင့် အ.ထ.က (၂) ၌ (Grade_2) မွမ်းမံသင်တန်းတက်ရောက်နေသော ဆရာ/ဆရာမများနှင့် (၁၅း၀၀) အချိန်မှ (၁၆း၀၀) နာရီ အချိန်အထိ (Grade_2) မွမ်းမံသင်တန်းတက်ရောက်နေသော ဆရာ/ဆရာမများနှင့် သင်တန်းကြီးကြပ် ရေးမှူးများ စုစုပေါင်း အင်အား (၁၂၆၀) ဦးအား ငလျင်ဘေးအသိပညာပေးခြင်းနှင့် လက်တွေ့သဏ္ဍာန် တူလေ့ကျင့်ခြင်းများကိုဆောင်ရွက်ခဲ့ပြီး ဘောပင်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar_eqk
#tny_may2018