
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ပန်း ဇံကွင်းကျေးရွာအုပ်စု၊ ပန်းဇံကွင်းကျေးရွာ၌ (၂၀.၅.၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ်(၂)လုံး၊ အမိုးလန်နေအိမ် (၃)လုံး၊ အိမ်ထောင်စု (၅)စုမှ လူဦးရေ(၁၈)ဦးအတွက် Family kits (၂၆)မျိုးပါ (၂)ပုံး၊ ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုး (၃)ပုံး၊ ဆန်ရိက္ခာ (၇)ရက်စာ (၃၇၈၀၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၅၀၀၀၀ိ/-)ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၃၈၇၈၀၀ိ/-)ကျပ်တို့အား (၂၂.၅.၂၀၁၈) ရက်နေ့ (ဝရး၁၀)နာရီအချိန်တွင် လေဘေး သင့့်ပြည်သူများ၏ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_may2018
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)