ငလျင်ဘေးအန္တရာယ်ဆိုင်အသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့လေ့ကျင့်မှုများ ဆောင်ရွက်မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် UNDP မှတာဝန်ရှိသူများ၊ UN-Habitat မှတာဝန်ရှိသူများ၊ Action Aid Myanmar မှတာဝန်ရှိသူများ၊ Plan International Myanmar မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၂၁-၅-၂၀၁၈) ရက်နေ့တွင် အနောက်ပိုင်း ခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဒုတိယသင်ရိုးတန်း သင်ရိုး သစ် မွမ်းမံသင်တန်းတက်ရောက်နေသော ဆရာ/ဆရာမ စုစုပေါင်း (၃၂၀) ဦးအား (၁၄း၀၀) အချိန်မှ (၁၆း၃၀) နာရီအချိန်အထိ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခြင်းနှင့် လက်တွေ့လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#ar_eqk
#ygn_may2018

Sign Up

Upcoming Events