Category Archives: News
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းဆက်မြို့နယ်၊ မိုင်းထလန်းကျေးရွာအုပ်စု၊ ယောင်ခကျေးရွာ၌ (၁၄-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် လေဘေး သင့်အိမ်ထောင်စု (၇၆) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ ကျပ် (၇,၆၀၀,၀၀၀ိ/-) အား (၁၉-၅-၂၀၁၈) ရက်နေ့တွင် မိုင်းဆက်မြို့နယ်၊ ခေတ္တအုပ်ချုပ်ရေးမှူး၊ “ဝ” ဆက်ဆံရေးတာဝန်ခံ၊ အုပ်ချုပ်ရေးမှူးများနှင့် အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #shn_may2018
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ကြီးမြို့နယ်၊ ဘော်စောကျေးရွာ၊ ထီဟော်ကျေးရွာနှင့် လင်းလေကျေးရွာတို့၌ (၂၁-၅-၂၀၁၈) ရက်နေ့ (၁ရး၃၀) အချိန်တွင် လေပြင်း တိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၁၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉၀၀,၀၀၀ိ/-) ကျပ်အား (၂၄-၅-၂၀၁၈) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #shn_may2018
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ကျေးရွာအုပ်စု (၂) စု၊ ကျေးရွာ (၂) ရွာတို့တွင် (၁၅-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် လေဘေးသင့်ပြိုလဲနေအိမ် (၁) လုံး၊ အမိုးလန်နေအိမ် (၂၂) လုံးနှင့် လူဦးရေ (၃) ဦး အတွက် ဆန်ရိက္ခာဖိုးငွေ (၆,၃၀၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၈၀,၀၀၀ိ/-) ကျပ်နှင့် ကယ်ဆယ် ရေးပစ္စည်း (၉) မျိုး (၁) … Read more
-
ဖိုက်ဘာစက်လှေနှင့် အသက်ကယ်အကျႌီများ လွှဲပြောင်းပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်သည့်အခါ ဘေးအန္တရာယ်တုံ့ပြန်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များတွင် အသုံးပြုနိုင်ရန် ဖိုက်ဘာစက်လှေ (၂) စီးနှင့် အသက်ကယ်အကျႌအထည် (၂၀) တို့အား (၂၄-၅-၂၀၁၈) ရက်နေ့ (၁၀း၀၀) နာရီအချိန်တွင် မိုးညိုမြို့နယ်၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကော်မတီဥက္ကနှင့် အဖွဲ့ဝင်များထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_fld #bgo_may2018
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆွေးနွေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြ ပြုလုပ်ခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃.၅.၂၀၁၈) ရက်နေ့ နေ့လည်(၁း၀၀)နာရီအချိန်တွင် ဘိုကလေးမြို့၊ အမှတ်(၁)ခြေခံပညာအထက်တန်းကျောင်းတွင် (Grade-2) ဒုတိယတန်းသင်ရိုးသစ် ကျောင်းအုပ်စုအလိုက် သင်တန်းတက်ရောက်နေသော ဆရာ/မ အင်အား (၂၀၀)ဦးအား ငလျင်ဘေး အန္တရာယ်နှင့် ပတ်သတ်သော အသိပညာပေးခြင်း၊ ဆောင်ရန်ရှောင်ရန်များ ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သတင်း ရရှိပါသည်။ #ar_eqk #ayy_may2018 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆွေးနွေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြ ပြုလုပ်ခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂.၅.၂၀၁၈) ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်မှ ညနေ(၃း၀၀)နာရီအချိန်ထိ ကျိုက်လတ်မြို့ အမှတ်(၂)ခြေခံပညာ အထက်တန်းကျောင်းတွင် (Grade2) ဒုတိယတန်းသင်ရိုးသစ် ကျောင်းအုပ်စုအလိုက် သင်တန်းတက်ရောက်နေသော ဆရာ/မ အင်အား (၃၅၀)ဦးကို ငလျင်ဘေးအန္တရာယ်နှင့် ပတ်သတ်သော အသိပညာပေးခြင်းပြုလုပ်ခြင်း ဆောင်ရန်ရှောင်ရန်များဆွေးနွေးခဲ့ပြီး တက်ရောက် လာသူဆရာ/မများကို ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သရုပ်ပြပြုလုပ်ခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_eqk #ayy_may2018 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြားကုန်း(တဲတိုက်)နှင့် ချောင်းဆင်း (တဲတိုက်)တွင် သောက်သုံးရေ အခက်အခဲဖြစ်နေသော အိမ်ခြေ (၁၀၀) လုံး၊ အိမ်ထောင်စု (၁၀၀) စု၊ လူဦးရေ (၅၄၀) ဦးတို့အတွက် ရေဂါလံ (၈၀၀၀)အား (၂၄-၅-၂၀၁၈) ရက်နေ့တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_drg #mgy_may2018
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ မင်းပြားကျေးရွာအုပ်စု၊ ရွာမကျေးရွာ၌ (၂၂-၅-၂၀၁၈) ရက်နေ့တါင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်အမိုးလန်နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၃,၁၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၈၃,၁၀၀ိ/-) ကျပ်တို့အား (၂၃-၅-၂၀၁၈) ရက်နေ့တွင် … Read more
-
ကယားပြည်နယ်ဦးစီးမှူးရုံးမှ လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃.၅.၂၀၁၈)ရက်နေ့တွင်ဖြစ်ပွားခဲ့သော လွိုင်ကော်မြို့နယ်၊ နိုးကိုးကျေးရွာအုပ်စု၊ နိုးကိုးစိုက်ကွင်း ကျေးရွာလေဘေးသို့ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး(၂)အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုး(၄၇၅၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုး(၁၈၉၀၀ိ/-)ကျပ်၊ စုစုပေါင်း(၆၆၄၀၀ိ/-) ကျပ်ကို (၂၃.၅.၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #kcn_may2018 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်တန်းမြို့နယ်၊ ဇီးဖြူပင်ကျေး ရွာ၌ (၁၂-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆,၃၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၆,၃၀၀ိ/-) ကျပ်တို့အား (၂၄-၅-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more









