လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းဆက်မြို့နယ်၊ မိုင်းထလန်းကျေးရွာအုပ်စု၊ ယောင်ခကျေးရွာ၌ (၁၄-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် လေဘေး သင့်အိမ်ထောင်စု (၇၆) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ ကျပ် (၇,၆၀၀,၀၀၀ိ/-) အား (၁၉-၅-၂၀၁၈) ရက်နေ့တွင် မိုင်းဆက်မြို့နယ်၊ ခေတ္တအုပ်ချုပ်ရေးမှူး၊ “ဝ” ဆက်ဆံရေးတာဝန်ခံ၊ အုပ်ချုပ်ရေးမှူးများနှင့် အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#shn_may2018

Sign Up

Upcoming Events