ဖိုက်ဘာစက်လှေနှင့် အသက်ကယ်အကျႌီများ လွှဲပြောင်းပေးအပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်သည့်အခါ ဘေးအန္တရာယ်တုံ့ပြန်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များတွင် အသုံးပြုနိုင်ရန် ဖိုက်ဘာစက်လှေ (၂) စီးနှင့် အသက်ကယ်အကျႌအထည် (၂၀) တို့အား (၂၄-၅-၂၀၁၈) ရက်နေ့ (၁၀း၀၀) နာရီအချိန်တွင် မိုးညိုမြို့နယ်၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကော်မတီဥက္ကနှင့် အဖွဲ့ဝင်များထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ha_fld
#bgo_may2018

Sign Up

Upcoming Events