
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂.၅.၂၀၁၈) ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်မှ ညနေ(၃း၀၀)နာရီအချိန်ထိ ကျိုက်လတ်မြို့ အမှတ်(၂)ခြေခံပညာ အထက်တန်းကျောင်းတွင် (Grade2) ဒုတိယတန်းသင်ရိုးသစ် ကျောင်းအုပ်စုအလိုက် သင်တန်းတက်ရောက်နေသော ဆရာ/မ အင်အား (၃၅၀)ဦးကို ငလျင်ဘေးအန္တရာယ်နှင့် ပတ်သတ်သော အသိပညာပေးခြင်းပြုလုပ်ခြင်း ဆောင်ရန်ရှောင်ရန်များဆွေးနွေးခဲ့ပြီး တက်ရောက် လာသူဆရာ/မများကို ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သရုပ်ပြပြုလုပ်ခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ar_eqk
#ayy_may2018
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)