Category Archives: News
-
မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံသံအမတ်ကြီးH.E Mr. Ichiro MARUYAMA နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်များနှင့် IDP စခန်းများပိတ်သိမ်းရေးကိစ္စရပ်များ လေ့လာခဲ့မှုများ တင်ပြဆွေးနွေး
၂၈.၅.၂၀၁၈၊ စစ်တွေ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒေါက်တာဝင်းမြတ်အေး သည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့်အတူ ယနေ့ညနေပိုင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် အတူ ရခိုင်ပြည်နယ်ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဂျပန်သံအမတ်ကြီးက မိမိ၏ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရတို့မှ ပူးပေါင်းဆောင်ရွက်ပေးမှုများအတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်း၊ နေရပ်စွန့်ခွာကြသူများ ပြန်လည်လက်ခံရေးအစီအစဉ်သည် အမှန်တကယ်ခက်ခဲသည်ကို မိမိအနေဖြင့် နားလည်ပါကြောင်း၊ လှဖိုးခေါင်ကြားစခန်းတွင် ပြန်လည်ဝင်ရောက်လာသည့်သူများနှင့် တွေ့ဆုံစကား ပြောခွင့်ရခဲ့ပါကြောင်း၊ တွေ့ဆုံခဲ့ရာတွင် … Read more
-
” မိုးကြီးမည့် သတိပေးချက် “
(၂၀၁၈ ခုနှစ်၊ မေလ (၂၈)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၆:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ======================================== မိုးကြီးမည့် သတိပေးချက် အမှတ်စဉ်(၀၇/၂၀၁၈) (က) ယနေ့မြန်မာစံတော်ချိန် (၁၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် နောက် (၇၂)နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းနှင့် ဒေသအလိုက် မိုးကြီးခြင်းများဖြစ်ပေါ်မည်။ … Read more
-
မုန်တိုင်းငယ်သတိပေးချက်
မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၀၁)၊၂၀၁၈ မုန်တိုင်းငယ်အခြေအနေ ================================================= (က) ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်တစ်ခုအဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ မြန်မာနိုင်ငံ၊ သံတွဲမြို့၏ အနောက်- အနောက်တောင်ဘက် (၁၂၈)မိုင်ခန့်၊ စစ်တွေမြို့၏ တောင်- အနောက်တောင်ဘက် (၁၂၅)မိုင်ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင်(၁၁၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။ (ခ) မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် … Read more
-
လေဘေးထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီး မှူးရုံးနှင့် ရေစကြိုမြို့နယ်ဦးစီးရုံးမှ တာဝန်ရှိသူများသည် ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် (၂၆-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီး နေအိမ်(၁)လုံး၊ အမိုးလန်အိမ်ခြေ(၁၁)လုံး၊ အိမ်ထောင်စု(၁၂)စု၊ လူဦးရေ(၅၁)ဦး ဘေးသင့်ခဲ့ရာ အိမ်ဆောက်ပစ္စည်းဖိုး (၃၄၀၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၁၀၇၁၀၀ိ/-)ကျပ်၊ ပြိုကျပျက်စီး နေအိမ်(၁)လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၅)မျိုး၊ အမိုးလန်အိမ်ခြေ (၁၁)လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၉)မျိုးတို့အား (၂၈-၅-၂၀၁၈) ရက်နေ့တွင် ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခြင်းအား လည်းကောင်း၊ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကောင်းမြို့နယ်၊ မြတောင်ကျေးရွာနှင့် မရမ်းကျေးရွာတို့တွင် (၈-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ပြိုလဲနေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စာ၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၈) လုံး အိမ်ထောင်စု (၈) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၈) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၆၆,၀၀၀ိ/-)ကျပ်နှင့် လူဦးရေ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကံမမြို့နယ်၊ ဇီးတောကျေးရွာအုပ်စု၊ ဇီးတောကျေး ရွာ၌ (၂၆-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်း တိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော အမိုးလန် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄,၂၀၀ိ/-)ကျပ်၊ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ ရေတွင်းဖြူ ကျေးရွာအုပ်စု၌ (၂၁-၅-၂၀၁၈) ရက်နေ့၊ (၁၅း၃၀) နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာ ဖိုးငွေ … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့၊ ရွာသစ်ကေကျေးရွာအုပ်စု၊ သက္ကေပြင် (ဘင်္ဂလီ)ကျေးရွာ၌ (၂၆-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့် အိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၂) အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀,၀၀၀ိ/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၂၇,၃၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၅၂၇,၃၀၀ိ/-) ကျပ်တို့အား (၂၈-၅-၂၀၁၈) … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် ခရိုင်မီးသတ်ဦးစီးမှူးရုံးတို့နှင့် ပူးပေါင်း၍ ကော့သောင်းအကျဉ်းထောင်၌ (၂၇-၅-၂၀၁၈)ရက်နေ့၊ (ဝရး၀၀)နာရီမှ (၁၀း၀၀)နာရီအထိ အကျဉ်းထောင်ဝန်ထမ်းမိသားစု (၅၅)ဦးတို့အား သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် လက်တွေ့သရုပ်ဖော်လေ့ကျင့်ခန်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_may2018 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မိုးကြီးမည့်သတိပေးချက် အမှတ်စဉ် (၀၆/၂၀၁၈)
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၈ ခုနှစ်၊ မေလ (၂၇) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၉:၀၀) နာရီအချိန်ထုတ်ပြန်ချက်အရ ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် နောက် (၇၂) နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်မိုးကြီးမည်။









