လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကောင်းမြို့နယ်၊ မြတောင်ကျေးရွာနှင့် မရမ်းကျေးရွာတို့တွင် (၈-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ပြိုလဲနေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စာ၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၈) လုံး အိမ်ထောင်စု (၈) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၈) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၆၆,၀၀၀ိ/-)ကျပ်နှင့် လူဦးရေ (၅၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၀၇,၁၀၀ိ/-) ကျပ်တို့အားလည်းကောင်း မရမ်းကျေးရွာ လေ ဘေးသင့်အိမ်ခြေ (၃၁) လုံး၊ အိမ်ထောင်စု (၃၀) စုမှ ပြိုလဲနေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စာ၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၂၉) လုံး၊ အိမ် ထောင်စု (၂၈) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂၈) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး ငွေ (၁,၁၇၈,၀၀၀ိ/-)ကျပ်နှင့် လူဦးရေ (၁၉၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၄၀၅,၃၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ ကျပ်(၂,၀၅၆,၄၀၀ိ/-) တို့အား (၂၈-၅-၂၀၁၈) ရက်နေ့တွင် မိုးကောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်အိမ်ထောင် စုများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#kcn_may2018

Sign Up

Upcoming Events