၂၈.၅.၂၀၁၈၊ စစ်တွေ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒေါက်တာဝင်းမြတ်အေး သည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့်အတူ ယနေ့ညနေပိုင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် အတူ ရခိုင်ပြည်နယ်ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
ထိုသို့တွေ့ဆုံရာတွင် ဂျပန်သံအမတ်ကြီးက မိမိ၏ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရတို့မှ ပူးပေါင်းဆောင်ရွက်ပေးမှုများအတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်း၊ နေရပ်စွန့်ခွာကြသူများ ပြန်လည်လက်ခံရေးအစီအစဉ်သည် အမှန်တကယ်ခက်ခဲသည်ကို မိမိအနေဖြင့် နားလည်ပါကြောင်း၊ လှဖိုးခေါင်ကြားစခန်းတွင် ပြန်လည်ဝင်ရောက်လာသည့်သူများနှင့် တွေ့ဆုံစကား ပြောခွင့်ရခဲ့ပါကြောင်း၊ တွေ့ဆုံခဲ့ရာတွင် အဓိကအနေဖြင့် နိုင်ငံသားဖြစ်ခွင့်ကိစ္စ၊ လွတ်လွပ်စွာသွားလာ ခွင့်ကိစ္စ၊ ကျောင်းသူကျောင်းသားများတက္ကသိုလ်တက်ရောက်ခွင့်ကိစ္စနှင့် လူခြုံရေးဆိုင်ရာကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့ကြပါကြောင်း၊ မိမိ၏ခရီးစဉ်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုများကို ပြန်လည်တင်ပြ သွားမည်ဖြစ်ကြောင်းဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီးအား ရခိုင်ပြည်နယ်သို့ လူကိုယ်တိုင် လာရောက် ပြီး နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ကြုံတွေ့နေရသော အခက်အခဲများကို အတူတကွရင်ဆိုင်ြဖေရှင်းသွားမည်ဖြစ်ကြောင်း သိရှိရသဖြင့် အထူးပင်ကျေးဇူးတင်ရှိပါ ကြောင်း၊ နိုင်ငံသားဖြစ်မှုအနေဖြင့် ၁၉၈၂ ခုနှစ် ၊ နိုင်ငံသားဥပဒေနှင့်အညီ အဆင့်ဆင့်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံသားဖြစ်မှုလုပ်ငန်းစဉ် လျင်မြန်စေရေးအတွက် ကြိုးစားဆောင်ရွက်ရာတွင် မြေပြင်တွင် လက်တွေ့အကောင်အထည်ဖော်ရာ၌ ကြုံတွေ့နေရသောအခက်အခဲများ ဖြေရှင်း ဆောင်ရွက်လျက်ရှိနေကြောင်း၊ လွတ်လပ်စွာသွားလာခွင့်အနေဖြင့် ဥပဒေနှင့်အညီ NV ကတ် ကိုင်ဆောင် ထားပါက မောင်တောခရိုင်အတွင်းလွတ်လပ်စွာသွားလာခွင့်ရှိမည်ဖြစ်ကြောင်း၊ အဆိုပါသွားလာခွင့်များနှင့် ပတ်သတ်၍ မြေပြင်တွင် အဟန့်အတားအခက်အခဲမရှိစေရေးနှင့် တရားမဝင်ဆောင်ရွက်မှုများမရှိရ လေအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တက္ကသိုလ်တက်ရောက်ခွင့်များအနေဖြင့် ဥပဒေနှင့်အညီ NV ကတ်ကိုင်ဆောင်သူများသည် မိမိ၏အရည်အချင်းပေါ်မူတည်ပြီး တက်ရောက်ခွင့်ရရှိရေးအတွက် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုခံယူရာတွင် ခွဲခြားထားမှု မရှိရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုံခြုံရေးအနေဖြင့်လည်းတရားဥပဒေ စိုးမိုးရေးကိုအဓိကထား ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းတွင်လည်း တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုး တက်ရေးကိုပထမဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို မိန့်ကြားခဲ့ပြီးဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်အစိုးနှင့် ပူးပေါင်းကူညီအားဖြည့်မှုများ အတွက် ဂျပန်နိုင်ငံအစိုးရအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်နယ်အစိုးရအနေဖြင့် ပြည်ထောင်စု အစိုးရနှင့် ပူးပေါင်းကာဆောင်ရွက်ချက်များကို နိုင်ငံတကာမှ မှန်ကန်စွာမြင်စေလိုပါကြောင်း၊ တဖက် နိုင်ငံသို့ ရောက်ရှိနေသူများအကြားလွဲမှားစွာပြောဆိုမှုများရှိနေပါကြောင်း၊ နိုင်ငံတကာက အမှန်မမြင်နိုင် ပါက ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များသည် ဆက်လက်ခက်ခဲနေမည်ဖြစ်ပါကြောင်း၊ ပြန်လည် ဝင်ရောက်လိုသူများအနေဖြင့်လည်း အကြမ်းဖက်အဖွဲ့အစည်းများ၏ ခြိမ်းခြောက်မှုမှကင်းဝေးရန် လိုအပ်ပါ ကြောင်းဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက အဆိုပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေး နွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#rke_may2018