Category Archives: News
-
ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ ကျုံကျိုက်အုပ်စု၊ ကွင်းဝိုင်းကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ ကျုံကျိုက်အုပ်စု၊ ကွင်းဝိုင်းကျေးရွာ၌ (၁၂-၆-၂၀၁၈) ရက်နေ့နှင့် (၁၃-၆-၂၀၁၈) ရက်နေ့တို့တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲခဲ့သည့်နေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စာ၊ လူဦးရေ (၂) ဦးအတွက် ဆန် (၇) ရက်စာဘိုးငွေ (၄၂၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂) သိန်းကျပ်တိတိတို့ကို (၂၀-၆-၂၀၁၈) … Read more
-
ရေဘေး၊ မိုးကြိုးဘေးဆိုင်ရာ အသိပညာများ ဆွေးနွေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၆-၂၀၁၈) ရက်နေ့တွင် ကသာမြို့နယ်၊ နလယ် အင်း ကျေးရွာ၊ အလယ်တန်းကျောင်းခွဲမှ ကျောင်းသား/ကျောင်းသူ (၂၄၅) ဦးခန့်အား ရေဘေး၊ မိုးကြိုးဘေးဆိုင်ရာ အသိပညာများဆွေးနွေးဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_fld #ar_tls #sgg_jun2018
-
သေဆုံးသူအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်အတွင်းရှိ ဘုရားငုတ္တိုလ် ကျေးရွာအုပ်စု၊ မန္တလေးကုန်းကျေးရွာတွင် (၁၃-၆-၂၀၁၈) ရက်နေ့တွင် ရေစီးတွင်မျောပါ၍ သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-)ကျပ်အား (၂၀-၆-၂၀၁၈) ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှ တာဝန်ရှိသူများနှင့်အတူ သေဆုံးသူ၏ မိသားစု ဝင်ထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_fld #ayy_jun2018
-
မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ရန်ပုံငွေထူထောင်ရေးနှင့် စပ်လျဉ်းသည့် အစည်းအဝေးကျင်းပမှုသတင်း
နေပြည်တော်၊ ဇွန် ၂၀ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ရန်ပုံငွေထူထောင်ရေးနှင့်စပ်လျဉ်းသည့် အစည်းအဝေးအား ယနေ့ နေ့လယ်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီ ဒုတိယဥက္ကဌ၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားရာတွင် လူတိုင်းရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက် ရေး၊ အခြေခံလူ့အခွင့်အရေးများရရှိရေးနှင့် လွတ်လပ်စွာ လုံခြုံမှုရှိရေးအတွက် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ လုံခြုံမှုဆိုရာ၌ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ဓာတ်ပိုင်းဆိုင်ရာ … Read more
-
လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ခရမ်းညောင်ပင်ကျေးရွာအုပ်စု၊ ခရမ်းညောင်ပင်ကျေးရွာ၌ (၁၁-၆-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုလဲနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၀,၅၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၀,၅၀၀ိ/-) ကျပ်အားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ မကြက်စုကျေးရွာအုပ်စု၊ မကြက်စုကျေးရွာ၌ (၁၃.၆.၂၀၁၈) ရက်နေ့ ၌ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၁) လုံးအတွက် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအသိပညာပေးဟောပြောပွဲများကို (၂၀.၆.၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့၊ အထက(၁)၌ ပြုလုပ်ရာ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ (၅၀၀)ခန့်အားလည်းကောင်း ညနေပိုင်းတွင် တောင်ကြီးမြို့အထက(၃)၌ ပြုလုပ်ရာ ဆရာ/ ဆရာမနှင့် ကျောင်းသား/ကျောင်းသူ (၄၀၀)ခန့်အားလည်းကောင်း ငလျင်ဘေးအပါအဝင် အခြားသဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ အသိပညာပေးဗွီဒီယိုပြသခြင်းနှင့် မီးဘေး၊ မုန်တိုင်းဘေး၊ ရေဘေးနှင့် မိုးကြိုးဘေးဆိုင်ရာ နံရံကပ်ပိုစတာများ ပေးအပ် ခဲ့ခြင်းများအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_jun2018 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၆-၂၀၁၈) ရက်နေ့၊ (၁၅း၃၀) နာရီအချိန်တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ဗန်းမော်မြို့၊ ပေါက်ကုန်းရပ်ကွက်ရှိ ပြောင်းရွှေ့အိမ်ထောင်စု (၂) စု၊ လူဦးရေ (၁၃) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၇,၃၀၀ိ/-)ကျပ်တို့အား (၂၀-၆-၂၀၁၈) ရက်နေ့၊ (၁၄း၃၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:ဗန်မော်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_fld #kcn_jun2018
-
လေဘေးနှင့် မိုးကြိုးဘေးတို့အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ကျေးရွာအုပ်စု(၃)စု၊ ကျေးရွာ(၃)ရွာတို့တွင် (၁၁/ ၁၂.၆.၂၀၁၈)ရက်နေ့တို့၌ ဖြစ်ပွားသော လေဘေးသင့် အမိုးလန်နေအိမ်(၃)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၃၂၀၀၀/-)ကျပ်နှင့် (၅.၆.၂၀၁၈)နေ့၌ ဖြစ်ပွားသော မိုးကြိုးဘေးသင့် သေဆုံးသူ(၂)ဦးအတွက် ထောက်ပံ့ငွေ(၆၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ ရန်ပုံငွေ (၇၃၂၀၀၀/-)ကျပ်တို့အား (၂၀.၆.၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ha_tls #bgo_jun2018 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မိုးကြိုးဘေးအန္တရာယ်အသိပညာပေးဗီနိုင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၆-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် မိုးကြိုးဘေးအန္တရာယ်ကြောင့် လူ့အသက်ထိခိုက်ဆုံးရှုံးမှုလျော့နည်းသက်သာစေရန်နှင့် ပြည်သူလူထုအနေဖြင့်မိုးကြိုး ဘေးဆိုင်ရာအသိပညာများ တိုးပွားစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလြမို့နယ်၊ ဓနုတ်စံပြကျေးရွာနှင့် အခြေခံပညာမူလတန်းကျောင်းများတွင် မိုးကြိုးဘေးဗီနိုင်းပိုစတာများကပ်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar_tls #ygn_jun2018
-
မွန်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းဆောင်ရွက်
မော်လမြိုင် ဇွန် ၂၀ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ရောက်ရှိနေသော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ ဆည်မြောင်းနှင့် ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး (ဆည်မြောင်း) ဦးမြဝင်းနှင့်အတူ မုဒုံမြို့နယ်၊ ကမာ ဝက်ကျေးရွာအနီးရှိ ဝင်းဖနုံရေလှောင်တမံ သို့ရောက်ရှိပြီး ၊ တာဝန်ရှိပုဂ္ဂိုလ်များက ရေလှောင်တမံ ကြံ့ခိုင်မှု အခြေအနေ၊ ရေဝင်ရောက်မှုအခြေအနေအား ရှင်းလင်းပြောကြားပါသည်။ ထို့နောက် ရေလှောင်တမံ တစ်လျှောက် လှည့်လည်ကြည့်ရှု့ခြင်း ၊ … Read more









