လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးမြို့နယ်၊ တောင်ရွာနောင်ကျေးရွာအုပ်စု၊ တောင်ရွာနောင် (တောင်) ကျေးရွာ၌ (၁-၇-၂၀၁၈) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှု ကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စု၊ လူဦးရေ (၅) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၂) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-)ကျပ်တို့အား (၃-၇-၂၀၁၈) ရက်နေ့တွင် မြို့နယ် ထွေ/အုပ်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ဘေးသင့် ပြည်သူများလက်ဝယ်သို့ ထောက်ပံံံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_rbe
#mdy_jul2018