လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်တော်မြို့နယ်၊ သလူချောင်းကျေးရွာအုပ်စု၊ သလူချောင်းကျေးရွာ၌ (၇-၅-၂၀၁၈) ၇က်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် လေဘေးသင့် အမိုးလန် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၂၀,၀၀၀ိ/-)ကျပ်၊ တောင်ကုလားကျေးရွာအုပ်စု၊ ငှက်ပျောချောင်းကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့် လုံးဝပျက်စီးနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-)ကျပ်နှင့် လူဦးရေ (၁၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၉,၄၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၄၉,၄၀၀ိ/-)ကျပ်တို့အား (၃-၇-၂၀၁၈) ရက်နေ့တွင် ဘေးသင့် ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#rke_jul2018