Category Archives: News
-
မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ ဖားကန့်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ မြေပြိုမှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖားကန့်မြို့နယ်အတွင်း (၂၂-၆-၂၀၁၈) ရက်နေ့၊ (၀၃း၀၀) နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်း၍ မြေပြိုမှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၁၆၉) လုံး၊ အိမ်ထောင်စု (၁၆၉) စု၊ လူဦးရေ (၈၀၅) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁၀၀) အိမ်ထောင်စုစာ၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၆၉) အိမ်ထောင်စုစာ၊ ဆန်ဖိုး (၁၆၉၀၅၀၀ိ/-)၊ … Read more
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ အင်္ဂပူမြို့နယ်အတွင်းရှိ ကညွတ်ကွင်းအုပ်စု၊ နန်ကသူဆည်အထက်ပိုင်း ပြောင်းပြန်ဝနေရာ၌ လှေတိမ်းမှောက်၍ သေဆုံးခဲ့သူ (၂) ဦးအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်အတွင်းရှိ ကညွတ်ကွင်းအုပ်စု၊ နန်ကသူဆည်အထက်ပိုင်း ပြောင်းပြန်ဝနေရာ၌ (၁၆-၆-၂၀၁၈)ရက်နေ့တွင် ကညွတ်ကွင်းကျေးရွာအုပ်စု၊ သရက်အုပ်ကျေးရွာ၌ နေထိုင်သူ(၂)ဦးမှာ လှေတိမ်းမှောက်၍ သေဆုံးခဲ့မှုအတွက် ကယ်ဆယ်ရေးထောက်ပံ့ရန်ပုံငွေ (၆၀၀၀၀၀) ကျပ်ကို (၂၇-၆-၂၀၁၈) ရက်နေ့တွင် အင်္ဂပူူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကွင်းကောက်မြောက်အုပ်ချုပ်ရေးမှူးရုံး၌ ဘေးသင့်ပြည်သူ၏ မိသားစုဝင်များထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
UEHRD ပြည်ထောင်စုစီမံကိန်းအတွက် ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ အလှူငွေများအား လာရောက် ပေးအပ်လှူဒါန်း
နေပြည်တော်၊ ဇွန် ၂၇ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထား ရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) အတွက် ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ လှူဒါန်းငွေများအား အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ယနေ့နေ့လည်ပိုင်းတွင် လာရောက်ပေးအပ် လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ပါသည်။ UEHRD အတွက် လှူဒါန်းငွေများမှာ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင်နေထိုင်သည့် မြန်မာမိသား စုများက သြစတြေးလျဒေါ်လာတစ်သောင်းငါးထောင်၊ ဆော်ဒီအာရေဗျနိုင်ငံ၊ ဂျဒ္ဒါးမြို့တွင်နေထိုင်သည့် မြန်မာနိုင်ငံသားတစ်ဦးက အမေရိကန်ဒေါ်လာ သုံးထောင့်ကိုးရာ၊ ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးမှ … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက လှူဒါန်းသော ဖိုင်ဘာစက်လှေတစ်စီးအား မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ မြဝတီခရိုင်အရံမီးသတ်ဒုတပ်ရင်းမှူးထံသို့ လွှဲပြောင်းပေးအပ်မှုသတင်း
=================================================== Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ခရိုင်ထွေ/အုပ်၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့တို့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက လှူဒါန်းသော ဖိုင်ဘာစက်လှေတစ်စီးအား (၂၅-၆-၂၀၁၈) ရက်နေ့တွင် ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)၌ သွားရောက်ထုတ်ယူခဲ့ပြီး၊ မြဝတီခရိုင် အရံမီးသတ်ဒုတပ်ရင်းမှူး ထံသို့ (၂၅-၆-၂၀၁၈) ရက်နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ရာ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး၊ မြဝတီမြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်မီးသတ်တပ်ဖွဲ့မှူးနှင့် မြို့နယ်စည်ပင်ကော်မတီဥက္ကဌတို့မှ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း သိရှိရပါသည်။
-
ငလျင်ဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၆-၂၀၁၈) ရက်နေ့တွင် တောင်ကြီးမြို့ အ.ထ.က (၁၀) ၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၅၀၀) ဦးအား ငလျင်ဘေးအသိပညာ ပေးဟောပြောခြင်း၊ ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်း၊ ငလျင်ဘေးနှင့်ပတ်သက်သည့် ဗီနိုင်းပိုစတာများ ခင်းကျင်းပြသခြင်း၊ ကျောင်းသား/သူများအား ငလျင်ဆိုင်ရာဗဟုသုတမေးခွန်းများ မေမြန်းပြီး လက်ဆောင် ပစ္စည်းများပေးခြင်း၊ ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်း ဗီဒီယိုပြသခြင်းနှင့် ငလျင်လှုပ်ခတ်နေစဉ် ကွင်းပြင်သို့ ပြေးထွက်နေရာယူခြင်းနှင့် စာသင်ခန်းအတွင်း နေရာယူခြင်း အစရှိသည့် ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးဖွင့်ပွဲအခမ်းအနားနှင့် မိုးကြိုးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၆-၂၀၁၈)ရက်နေ့ နံနက်(၁၀း၀၀)အချိန်တွင် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးဖွင့်ပွဲအား လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ရာ ပူတာအိုခရိုင်အုပ်ချုပ်ရေးမှူးနှင့်တကွ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားဖွင့်ပွဲ၌ ပူတာအိုခရိုင်အုပ်ချုပ်ရေးမှူးဦးအုန်းသန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူမြင့်မှ ခရိုင်ရုံးဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါ အခမ်းအနား တွင် (၂၀-၆-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားသော မိုးကြိုးဘေးကြောင့် သေဆုံးသူမိသားစုဝင်များအတွက် ထောက်ပံ့ကြေးငွေ (၃၀၀၀၀၀/-)ကျပ်အား ထောက်ပံ့ ပေးအပ်ခဲ့ဲကြောင်း … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၆-၂၀၁၈)ရက်နေ့ ရမ်းဗြဲမြို့၊ စစ်ပြားကျေးရွာ အ.ထ.ကကျောင်းတွင် ကျောင်းဆရာ၊ ကျောင်းဆရာမ၊ ကျောင်းသူ၊ ကျောင်းသားနှင့် ရပ်မိရပ်ဖစုစုပေါင်း (၁၉၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါ ဟောပြောပွဲ၌ သဘာဝဘေးအန္တရာယ်နှင့်ပက်သက်၍ ဆောင်ရန်/ရှောင်ရန်များပြောကြားခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဝေငှခြင်းနှင့် သိပညာ ပေး ဗွီဒီယိုပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #rke_jun2018 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ဗလဘကျေးရွာအုပ်စု၊ ဗလဘကျေးရွာနှင့် ညောင်ဇောက်ကျေးရွာအုပ်စု၊ ကျောမကြားကျေးရွာတို့၌ (၂၅-၆-၂၀၁၈) ရက်နေ့၊ (၁၁း၃၀) နာရီ အချိန်နှင့် (၂၆-၆-၂၀၁၈) ရက်နေ့ (၁၁း၁၀) နာရီအချိန်တို့တွင် မြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသော ကျောမကြားကျေးရွာမှ လူနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၆) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၂,၆၀၀ိ/-) … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၆-၂၀၁၈)ရက်နေ့ ရမ်းဗြဲမြို့၊ လက်ပန်အညာရွာ အ.လ.ကကျောင်းတွင် ကျောင်းဆရာ၊ ကျောင်းဆရာမ၊ ကျောင်းသူ၊ ကျောင်းသားစုစုပေါင်း (၁၃၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါ ဟောပြောပွဲ၌ သဘာဝဘေးအန္တရာယ်နှင့်ပက်သက်၍ ဆောင်ရန်/ရှောင်ရန်များပြောကြားခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဝေငှခြင်းနှင့် သိပညာ ပေး ဗွီဒီယိုပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #rke_jun2018 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ထောက်ပံံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြောက်ဦးခရိုင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အမ်းမြို့နယ်၊ မဲလက်မောင်းကျေးရွာအုပ်စု၊ ကြိမ်ချောင်းကျေးရွာအနီးတွင် (၁၄-၆-၂၀၁၈) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကျော်နေ သော ကားလမ်းအားဖြတ်ကူးစဉ် တောင်ကျရေစီးနှင့်မျောပါကာ မြေပုံမြို့နယ်မှ သေဆုံးသူ (၂) ဦးအတွက် တစ်ဦးလျှင် (၃၀၀,၀၀၀ိ/-) ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၆၀၀,၀၀၀ိ/-) ကျပ်အား (၂၆-၆-၂၀၁၈) ရက်နေ့တွင် မြေပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_fld #rke_jun2018









