လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီ မံခန့်ခွဲမှု ဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀.၇.၂၀၁၈) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကော့သောင်းမြို့နယ်၊ ရွှေဇင်ယော်ရပ်ကွက်၌ မြေပြိုဘေးခံစားရသော နေအိမ်တစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်နှင့် အဆိုပါနေအိမ်ရှိ ဘေးသင့်လူဦးရေ (၃) ဦးအတွက် ဆန်ဖိုးရန်ပုံငွေ (၆၃၀၀) ကျပ်တို့အား (၁၁.၇.၂၀၁၈) ရက်နေ့၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
#ha-lsd
#tny-jul2018Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး( ဘစမ)