Category Archives: News
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာရှိ မဟာမထမကျောက်မျက်ကုမ္ပဏီ လုပ်ကွက်ဟောင်းအတွင်း (၂၄.၇.၂၀၁၈)ရက်နေ့ (၁၄း၁၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သော အမြင့်ပေ(၃၀၀)ကျော်ခန့်ရှိ ကမ်းပါးယံမြေစာပြိုကျမှုကြောင့် မြစ်ကြီးနားဆေးရုံသို့ ဆေးကုသရန် ရောက်ရှိလာသော ဒဏ်ရာရရှိသူ (၁၉)ဦးတို့အား ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဒေါက်တာသင်းလွင်နှင့်အဖွဲ့တို့နှင့်အတူ သွားရောက်တွေ့ဆုံကြည့်ရှု့ခ့ကြပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့မှ အဟာရမုန့်များနှင့် ဒဏ်ရာရသူ (၁)ဦးလျှင် (၅၀၀၀၀ိ/-)နှုန်းဖြင့် ဒဏ်ရာရသူ (၁၉)ဦးအတွက် စုစုပေါင်း(၉၅၀၀၀၀ိ/-)ကျပ်တို့အား (၁၅.၇.၂၀၁၈)ရက်နေ့ (၁၃း၃၀)နာရီအချိန်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #kcn_jul2018 … Read more
-
မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၇-၂၀၁၈) ရက်နေ့၊ (၁ဝး၃၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ် ချောင်းဗြဲကြီးကျေးရွာအုပ်စု ဂွေးချောင်းကြီးကျေးရွာ School cam Shelter ၌ မုန်တိုင်း သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့ရာ ဘိုကလေးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူး၊ ဘိုကလေးမြို့မှ မြို့နယ်မီးသတ်ဦးစီးမှုူး၊ ဘိုကလေးမြို့ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့မှုူး၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကြိမ်ချောင်းကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူး၊ arche noVa အဖွဲ့၊စိုပြေမြန်မာလူမှုဖွံ့ဖြိုးမှုအဖွဲ့၊ မြန်မာ့နှလုံးသား လူမှုဖွံ့ဖြိုးမှုအဖွဲ့၊ … Read more
-
ရေကြီးရေလျှံမှုကြောင့် ရေဆိုးရေညစ်များဝင်ရောက်ခဲ့သည့် မင်းပြားမြို့နယ်ရှိ ရေတွင်းရေကန်များအတွင်း ရေသန့်ဆေးများထည့်ရန် ရေသန့်ဆေးထုပ်များ လွှဲပြောင်းပေးအပ်မှုသတင်း
=================================================== Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြီးရေလျှံမှုကြောင့် ရေဆိုးရေညစ်များဝင်ရောက်ခဲ့သည့် မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်ရှိ ရေတွင်းရေကန်များအတွင်း ရေသန့်ဆေးများ ထည့်ရန်အတွက် (၁၄-၇-၂၀၁၈) ရက်နေ့တွင် ရေသန့်ဆေးထုပ် (၁၀၅၆၀) ထုပ်အား မင်းပြားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ကြောင်း သိရှိရပါသည်။
-
၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန မှ မြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်-
ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက် မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၂)ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် (၃)ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ ရွှေကျင်မြစ်ရေသည် ရွှေကျင် မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၃)ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် (၃)ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ မဒေါက်မြို့နယ်နှင့် ရွှေကျင်မြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
-
လှိုင်းဘွဲမြို့နယ်၊ ဒိုင်းပြကျေးရွာ၌ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုနှင့် အရေးပေါ်တုန့်ပြန်မှုဆိုင်ရာအခြေခံ(ဆင့်ပါွး)သင်တန်း ဖွင့်လှစ်မှုသတင်း
=================================================== Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Lutheran World Federation (မြန်မာ)နှင့် ပူးပေါင်း၍ လှိုင်းဘွဲမြို့နယ်၊ ဒိုင်းပြကျေးရွာ၌ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုနှင့် အရေးပေါ်တုန့်ပြန်မှုဆိုင်ရာအခြေခံ(ဆင့်ပါွး)သင်တန်းကို သင်တန်းသား/သူ(၃၃)ဦးဖြင့် (၁၁-၇-၂၀၁၈) ရက်နေ့မှ (၁၃-၇-၂၀၁၈) ရက်နေ့အထိ (၃) ရက်ကြာ ဖွင့်လှစ်ကျင်းပခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
ဝါးခယ်မမြို့နယ်၊ တုံးလှဲချောင်းကျေးရွာအုပ်စုနှင့် မန်းကလဲ့ငုတောကျေးရွာအုပ်စုတို့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) ==================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဝါးခယ်မမြို့နယ်၊ တုံးလှဲချောင်းကျေးရွာအုပ်စုနှင့် မန်းကလဲ့ငုတောကျေးရွာအုပ်စုတို့၌ (၁၂-၇-၂၀၁၈) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့်အိမ်ထောင်စု (၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၅) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀၀၀ိ/-)နှင့် ဘေးသင့်ပြည်သူ (၂၂) ဦးအတွက် (၇) ရက်စာဆန်ဖိုးထောက်ပံ့ငွေ (၄၆၂၀၀ိ/-)၊ အမိုးလန်အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်းစက္ကူပုံးပါ(၁၁)မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၀၀၀၀ိ/-)၊ … Read more
-
ရေစကြိုမြို့နယ်၊ ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာနှင့် ဇယမကျေးရွာအုပ်စု၊ ဇယမကျေးရွာတို့တွင် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာနှင့် ဇယမကျေးရွာအုပ်စု၊ ဇယမကျေးရွာတို့၌ (၁၂-၇-၂၀၁၈) ရက်နေ့၊ (၁၂း၃၀) နာရီအချိန်နှင့် (၁၃-၇-၂၀၁၈) ရက်နေ့၊ (၁၀း၃၀) နာရီအချိန်တို့တွင် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုမှုကြောင့် လူနေအိမ် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့မှုများ ဆောင်ရွက်ခဲ့ကြရာ ကွေ့ထောင့်ကျေးရွာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၆)လုံး၊ အိမ်ထောင်စု(၆)စု၊ လူဦးရေ(၂၅)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာ(၇)ရက်စာ(၅၂၅၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀၀၀၀ိ/-)၊ ဇယမကျေးရွာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ … Read more
-
ဇလွန်မြို့နယ်၊ ကမ်းနားရပ်ကွက်ရှိ တာအနီးမှ ရွှေ့ပြောင်းအိမ်ခြေ/အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၇-၂၀၁၈) ရက်နေ့တွင် ဇလွန်မြို့နယ်၊ မြို့နယ်သဘာဝဘေးကာကွယ်ရေးအစီအစဉ်ဖြင့် ကမ်းနားရပ်ကွက်ရှိ တာအနီးမှ ရွှေ့ပြောင်းအိမ်ခြေ/အိမ်ထောင်စု(၂၂)စု၊ လူဦးရေ(၁၀၂)ဦး၊ စုစုပေါင်းအိမ်ခြေ/အိမ်ထောင်စု (၂၂)စု၊ လူဦးရေ (၁၀၂) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂၂) အိမ်ထောင်စာကို လည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၂) သိန်း၊ ဆန်ရိက္ခာဖိုး (၂၁၄၂၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂၄၁၄၂၀၀) ကျပ်ကိုလည်းကောင်း ဇလွန်မြို့နယ်၊ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၁၈) ရက်နေ့၊ (၁၀း၃၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ ဂွေးချောင်းကြီးကျေးရွာ (School cam Shelter) ၌ ဘိုကလေးမြို့မှ မြို့နယ် မီးသတ်ဦးစီးမှုူး၊ ဘိုကလေးမြို့ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့မှုူး၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကြိမ်ချောင်းကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ CSO အဖွဲ့ အစည်းများ၊ စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့များ၊ ကျေးရွာသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာသူ/သားများ စုစုပေါင်းအင်အား (၁၅၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေး … Read more
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ (၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၃)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပါသည်။









