===================================================
Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများ၌ (၂၁-၇-၂၀၁၈) ရက်နေ့မှ (၂၂-၇-၂၀၁၈) ရက်နေ့အထိ တနင်္သာရီမြစ်ရေ ထပ်မံမြှင့်တက်မှုကြောင့် ပြောင်းရွှေ့ခဲ့သည့်အိမ်ခြေ(၄၀၇)လုံးမှ အိမ်ထောင်စု(၄၀၈)စု၊ လူဦးရေစုစုပေါင်း(၂၀၇၃)ဦးအတွက် ဆန်ဘိုး(၇)ရက်စာ (၄၃၅၃၃၀၀ိ/-) အား (၂၅-၇-၂၀၁၈) ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားတွင် ထောက်ပံ့ပြီးစီးပြီးဖြစ်ပါကြောင်းနှင့် ကျန်ရှိသည့်ပြောင်းရွှေ့အိမ်ထောင်စုများမှ လူဦးရေများအတွက် ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။