Category Archives: News
-
ကမ်းပြိုဘေးသင့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ဆိက္ခ၀ ကျေးရွာအုပ်စု၊ အနောက်သီရိကျေးရွာတွင် (၇-၈-၂၀၁၈)ရက်နေ့၌ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့နေအိမ် (၁၅)လုံး၊ အိမ်ထောင်စု(၁၅)စု၊ လူဦးရေ(၅၇)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၅၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး(၇)ရက်စာဖိုး (၁၁၉၇၀၀/) ကျပ်၊ စုစုပေါင်း(၁၆၁၉၇၀၀/-)ကျပ်နှင့် ပြောင်းရွှေ့အိမ်ခြေအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး အိမ်ထောင်စု(၁၅)စုတို့အား (၈-၈-၂၀၁၈)ရက် နေ့တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_aug2018 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတောင်းမြို့နယ်၊ ရပ်သာအုပ်စု၊ ကိုင်းကျေးရွာတွင် (၅.၈.၂၀၁၈)ရက်နေ့ ဘူးရိုးချောင်းကမ်းပါးပြိုကျမှု ကြောင့် ပြောင်းရွှေ့နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀/-)ကျပ်အား (၈.၈.၂၀၁၈)ရက်နေ့၊ နေ့လည် (၁၂း၃၀)နာရီအချိန်တွင် ပန်းတောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #bgo_aug2018 Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ဓါတ်ဆားထုပ်များ ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုက်မရောမြို့နယ်ရေဘေးရှောင်ပြည်သူများအတွက် (၄-၈-၂၀၁၈) ရက်နေ့တွင် ရန်ကုန်ဗဟိုသိုလှောင်ရုံးမှ ပေးပို့လာသော ဓါတ်ဆားထုပ် (၂၀၀၀၀) အား (၈-၈-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #otr #mon_aug2018
-
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပျော့ပြီး သစ်ပင်ပြိုလဲ၍ ပျက်စီးခဲ့သောနေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ထိန်တော ကျေးရွာအုပ်စု၊ ရေသပြာကျေးရွာ၌ (၅-၈-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပျော့ပြီး သစ်ပင်ပိ၍ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃၀,၀၀၀/-) ကျပ်အား (၈-၈-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် မိုးညိုမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူ့လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #bgo_aug2018 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၈-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် ကျိုက်မရောမြို့နယ်၊ အတ္တရံရပ်ကွက်၊ အ.မ.က စာသင်ကျောင်း၌ ပြည်သူလူထု (၂၀၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mon_aug2018
-
လေဘေးသင့် ဘာသာရေးကျောင်းနှင့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်မြို့၊ ငန်းတေးရပ်ကွက်နှင့် လှိုင်ရပ်ကွက်တို့တွင် (၃-၈-၂၀၁၈) ရက်နေ့တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော တစ်စိတ်တစ်ပိုင်းပျက်စီး ဘာသာရေး ကျောင်း (၃) ကျောင်းအတွက် ကျောင်းဆောက်ထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်၊ အမိုးလန် နေအိမ် (၁၉) လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၁၉) အိမ်ထောင်စာ၊ ပြိုကျနေအိမ် (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ Family Kit (၃) … Read more
-
ဂျပန်နိုင်ငံအစိုးရနှင့် စင်္ကာပူနိုင်ငံ၊ ပုဂ္ဂလိကကုမ္ပဏီများမှ ရေဘေးသင့်ဒေသများအတွက် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်လှူဒါန်း
==================================================== ရန်ကုန်၊ သြဂုတ် ၇ ———- ရေဘေးသင့်ဒေသများရှိပြည်သူများ၏ လတ်တလောလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဂျပန်နိုင်ငံအစိုးရမှ လှူဒါန်းသည့် ယန်း(၁၇) သန်းတန်ဖိုးရှိယာယီနေထိုင်ရန်မိုးကာတဲ(၁,၀၀၀)လုံးနှင့် ရေသိုလှောင်နိုင်သည့် ပလတ်စတစ်ကန် (၂၅)လုံးအား ဂျပန် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှတစ်ဆင့်လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နေ့လည် (၁၄:၃၀)နာရီအချိန်၌ လည်းကောင်း၊ ရေဘေးသင့်ဒေသများတွင် သောက်သုံးရေသန့်များ အလွယ်တကူရရှိနိုင်စေရန်အတွက် စင်္ကာပူနိုင်ငံရှိ ပုဂ္ဂလိကကုမ္ပဏီ (၄)ခုမှ တစ်လုံးလျှင် စင်္ကာပူဒေါ်လာ(၉,၅၀၀)တန်ဖိုးရှိ ရေသန့်စက် စုစုပေါင်း(၅)လုံး လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ ညနေ(၁၆:၀၀) နာရီအချိန်၌လည်းကောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အလှူပစ္စည်းများကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA Myanmar) မှ ဌာနေကိုယ်စားလှယ် ဦးဆောင်သောအဖွဲ့က လာရောက်တွေ့ဆုံမှုသတင်း
=============================================== နေပြည်တော်၊ သြဂုတ် ၇ ———— လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA Myanmar) မှ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Masayuki KARASAWA ဦးဆောင်သောအဖွဲ့က ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် JICA တို့ပူးပေါင်း၍ (၂၀၁၂ခုနှစ်မှ ၂၀၁၆ခုနှစ်အထိ) (၄)နှစ် စီမံကိန်းဖြင့် လူကုန်ကူးခံရသူများအတွက် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ … Read more
-
လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝဘေးလျော့ပါးရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း ကျင်းပသည့် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝဘေးလျော့ပါးရေး အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ကျိုင်းတုံမြို့၌ (၇-၈-၂၀၁၈) ရက်နေ့တွင် (၀၉း၀၀) အချိန်မှ (၁၂း၃၀) အချိန်ထိ ကျင်းပပြုလုပ်ခဲ့ရာ ဗမာတိုင်းရင်း သားဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ပြည်နယ်မှူးများက ဦးဆောင်ဟောပြောဆွေးနွေးခြင်းများပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲ၌ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ INGO၊ NGO၊ CSO အဖွဲ့အစည်းများမှ စုစုပေါင်းအင်အား (၇၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများက အပြန်အလှန် သုံးသပ်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_ … Read more
-
ရေစကြိုမြို့နယ်၊ အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာနှင့် ဇယမကျးရွာအုပ်စု၊ ဇယမကျေးရွာများ၌ ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာနှင့် ဇယမကျးရွာအုပ်စု၊ ဇယမကျေးရွာတို့၌ (၆-၈-၂၀၁၈) ရက်နေ့၊ (၁၀း၃၅) နာရီအချိန်တွင် ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် လူနေအိမ် (၅) လုံး၊ အိမ်ထောင်စု(၆)စု၊ လူဦးရေ(၂၀)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ(၄၂၀၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀၀ိ/-)၊ စုစုပေါင်း(၅၄၂၀၀၀ိ/-) တိတိအား (၆-၈-၂၀၁၈) ရက်နေ့တွင် ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများနှင့်အတူ … Read more









