၁၆-၈-၂၀၁၈ ၊ နေပြည်တော်
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချ ထား ရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)ဒုတိယဥက္ကဌ၊ လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးသည် ယနေ့ညနေ (၃) နာရီအချိန်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့၀င်များနှင့် တွေ့ဆုံခဲ့ပြီး (UEHRD) စီမံကိန်း၏ ဆောင်ရွက်နေသောကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူ အညီအထောက်အပံ့များဆောင်ရွက်ပေးနေမှုအခြေအနေမျာ၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးစီစဉ်ဆောင်ရွက် ထားရှိမှုများကို ဆွေးနွေး ခဲ့ပြီး လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့၀င်များက သိရှိလိုသည်များကိုဖြေကြားရှင်း လင်းဆွေး နွေးခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1
#npw_aug2018