စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သဘာဝဘေး အရေးပေါ်ခိုလှုံနိုင်သည့် School-Cum Shelter (၇) လုံးတည်ဆောက်သွားရန်နှင့် ချစ်တွင်းမြစ် တာဘောင်မြင့်တင်ခြင်းလုပ်ငန်းများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှဆောင်ရွက်လျက်ရှိ

17_Pic_01 17_Pic_02 17_Pic_03

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြိုတင်ပြင်ဆင်မှုကဏ္ဍ အား‌ကောင်းပါက ဘေးဒဏ်ခုခံရင်ဆိုင်နိုင် သည့် စွမ်းရည်များပိုမိုမြင့်မားလာပြီး ဘေးဒဏ် ကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းသက်သာစေမည်ဖြစ် ပါသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသည် သဘာဝဘေးအန္တရာယ် များဖြစ်ပေါ်လာပါက အလျင်အမြန်တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်လျက်ရှိသကဲ့သို့ တစ်ဖက်တွင်လည်း သဘာဝဘေးကြိုတင်ကာ ကွယ်ရေး၊ ကြိုတင် ပြင်ဆင်ရေးလုပ်ငန်းများကို ပိုမိုအလေးထားဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အရေးပေါ် ခိုလှုံနိုင်သည့် Shelter (၇)လုံး ကို ဆောက်လုပ်သွားရန်နင့် ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် လိုအပ်သည့်နေရာများတွင် တာဘောင်မြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက် နိုင်ရန်  ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် နှစ်စဉ်နှစ်တိုင်း ရေဘေးဒဏ်ကိုခံစားရလေ့ရှိသည့်အတွက် မြစ်သာမြစ်နှင့် ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများမှ ပြည်သူများ ရေဘေးခိုလှုံနိုင်ရန် ကလေးမြို့နယ်တွင် အင်းစိန်ကျေးရွာ၊ သဖန်းအိုင်ကျေးရွာ နှင့် တောင်ဦး/ပြင်သာကျေးရွာတို့၏ စာသင်ကျောင်းဝင်း များအတွင်း၌ School-Cum Shelter (၁)လုံးစီ၊ ဟုမ္မလင်းမြို့နယ်၊ ပရစ်ဖာနိုင်းကျေးရွာ၊ မုက္ကလိ အမကကျောင်း၊ ဖောင်းပြင်မြို့နယ်၊ မက်ဆက်ကျေးရွာ၊ အမကကျောင်း၊ ခန္တီးမြို့နယ်၊ ပေါမိုင်းရပ်ကွက်၊ အမက(၁)စာသင်ကျောင်းနှင့် မော်လိုက်မြို့နယ်၊ ကြာအင်းကျေးရွာ၊ အထကခွဲကျောင်းတို့တွင် School-Cum Shelter (၁)လုံးစီ၊ စုစုပေါင်း School-Cum Shelter(၇)လုံးကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ငွေကျပ်သန်းပေါင်း (၁၁၈၆.၄၄) ကုန်ကျခံဆောက်လုပ်သွားမည်ဖြစ်ပြီး (၁၄-၈-၂၀၁၈) နေ့တွင် သဘာဝဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရန် စစ်ကိုင်းတိုင်းဒေသကြီးသို့ရောက်ရှိနေသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ထံသို့ လိုအပ်သည့် စာရွက် စာတမ်းများ လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်း တစ်ခုအနေဖြင့် ချင်းတွင်းမြစ်ကြောင်း တလျှောက် တာဘောင်မြှင့်တင်ရေးဆောင်ရွက် ပေးနိုင်ရန် တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုလေ့ လာခဲ့ပြီး အမြင့်ရေတံခါးနှင့်ရွှေကူရေ တံခါးအကြား အရှည်ပေ(၁၅၀၀၀)ခန့်ကို တာဘောင် မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်အတူ ဆက်လက်ညှှိနှိုင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

#hl1
#sgg_aug2018
Source:  MSWRR

Sign Up

Upcoming Events