Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း ၍ မအူပင်မြို့နယ်၊ ဝါးတောကျေးရွာအုပ်စု၊ ဝါးတောကျေးရွာ၌ (၁၆-၈-၂၀၁၈) ရက်နေ့၊ (၀၉း၃၀) နာရီအချိန်မှ (၁၁း၃၀) နာရီအချိန်ထိ ပြည်သူလူထု (၈၀) ဦးခန့်အား ဦးစီးဌာန၏ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများအား ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_aug2018
-
မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ ဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၈-၂၀၁၈)ရက်နေ့ (ဝ၇၃၀)နာရီအချိန်၌ မိုးညိုမြို့နယ် အင်းတ္တော်လုပ်အုပ်စု၊ မကျီးကုန်းကျေးရွာတွင် ဧရာဝတီမြစ်ရေဝင်ရောက်ပြီး ရေပြန်လည်ကျဆင်းသွားချိန်၌ မြေပျော့၍ ကုက္ကိုလ်ပင်လဲကျခဲ့သဖြင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၆၄,၀၀၀)ကျပ် အား (၂၂-၈-၂၀၁၈) ရက်နေ့ (၁၀၀၀)နာရီ အချိန်တွင် မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ တာဝန်ရှိသူများ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၈-၂၀၁၈) ရက်နေ့တွင် ညောင်ဦးမြို့နယ်၊ အထက ကျောင်း၌ ကျောင်းသာ/သူ စုစုပေါင်း (၃၈၀)ဦးတို့အား (၀၉၀၀)အချိန်မှ (၁၁၀၀) အချိန်ထိလည်းကောင်း၊ အထက မြို့မကျောင်း၌ ကျောင်းသား/သူ စုစုပေါင်း (၂၂၀)ဦးတို့အား (၁၃၀၀)အချိန်မှ (၁၄၃၀)အချိန်ထိလည်းကောင်း သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခြင်း၊ ဆောင်ရန်/ ရှောင်ရန်များအား ရှင်းလင်းပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၈-၂၀၁၈) ရက်နေ့ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ပေါက်တန်းကြီးကျေးရွာအုပ်စု၊ လယ်ဦးစုကျေးရွာတွင်ဖြစ်ပွားခဲ့သောလေဘေးကြောင့် ဘေးသင့်အိမ်ခြေ(၁)အိမ်၊ အိမ်ထောင်စု (၁)စု၊ လူဦးရေ (၅)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (တစ်အိမ်ထောင်စာ)၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁၀၀,၀၀၀)၊ ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၁၀,၅၀၀)တို့အား (၂၁-၈-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မြဝတီခရိုင်ဦးစီးမှူးရုံးမှ ရေဘေးရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် (၁၉-၈-၂၀၁၈) ရက်နေ့မှစ၍ သောင်ရင်းမြစ်ရေမြင့်တက်မှုကြောင့် မြဝတီမြို့ပေါ်ရပ်ကွက်များမှ ရေဘေးရှောင်ပြည်သူများအား အမှတ်(၄)ရပ်ကွက်၊ ကျောက်လုံးကြီး ပြန်လည်ကြိုဆိုလက်ခံရေးစခန်းတွင် မြဝတီခရိုင်/မြို့နယ်ဌာနဆိုင်ရာများမှ ပြောင်းရွှေ့နေရာချထားခဲ့သည့် အိမ်ထောင်စု(၃၂)စု၊ ကျား (၆၇)၊ မ(၆၃)၊ စုစုပေါင်း(၁၃၀)ဦးတို့အတွက် (၁)ဦးလျှင် ဆန်ရိက္ခာဖိုး(၇)ရက်စာ စုစုပေါင်းငွေကျပ် (၂၇၃,၀၀၀) အား (၂၁-၈-၂၀၁၈)ရက်နေ့ ညနေ(၁၅၀၀)နာရီတွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
တနင်္သာရီတိုင်းဒေသကြီးအတွင်း ထောက်ပံ့ခြင်းနှင့် ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်နိုင်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဆောင်ရွက်
သြဂုတ် ၂၁၊ မြိတ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့် ပြည်သူ များအား ထောက်ပံ့ခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆောင်ရွက်နိုင်ရေးညှိနှိှုင်းခြင်းနှင့် မိုင်းအန္တရာယ် ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ ထောက်ပံ့ခြင်းလုပ်ငန်းများဆောင်ရွက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့သို့ ရောက်ရှိခဲ့ပါသည်။ တနင်္သာရီတိုင်းဒေသကြီးတွင်ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြိတ်မြို့၊ ပုလဲရတနာခန်းမတွင် ကျင်းပပြုလုပ်သည့် မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူများအား ထောက်ပံ့ကြေးငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အမှာ စကားပြောကြားရာတွင် တနင်္သာရီတိုင်းဒေသကြီးသို့ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် မသန်စွမ်း … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မအူကုန်ကျေးရွာအုပ်စု၊ ကျုံတာကျေးရွာ၌ (၁၉-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၆) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၅၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၂,၆၀၀/-)ကျပ်တို့အား (၂၁-၈-၂၀၁၈)ရက်နေ့တွင် လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၈-၂၀၁၈) ရက်နေ့ (၁၃း၃၀) နာရီအချိန်တွင် ကျောက်မဲ မြို့နယ်၊ အ.မ.က(၈) မူလွန်ကျောင်းခန်းမတွင် ကျောင်းသား/သူ (၁၂၀) ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #shn_aug2018
-
ရေဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၈-၂၀၁၈) ရက်နေ့ (၁၀း၀၀) နာရီအချိန်တွင် ကျောက်မဲ မြို့နယ်၊ ယက်ကန်းကျောင်း၌ သင်တန်းတက်ရောက်နေသော ကျေးရွာအုပ်စုကိုယ်စားပြု လူငယ် (၄၂) ဦးအား ရေဘေးအသိပညာပေးဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_fld #shn_aug2018
-
ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ (အ.ထ.က-၄) ကျောင်းတွင် (၂၁.၈.၂၀၁၈)ရက်နေ့ (၀၉း၀၀)အချိန်မှ (၁၂း၀၀)အချိန်ထိ ဆရာ/ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ (၈၀၀)ခန့်တို့်အား ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ/မများအား သဘာဝဘေးများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_simex_eqk #kcn_aug2018 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)









