လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်အတွင်း၊ ရှမ်းစုကျေးရွာ အုပ်စု၊ ညောင်ပင်သာကျေးရွာ၌ (၁-၉-၂၀၁၈) ရက်နေ့တွင်း မိုးသည်းထန်စွာရွာသွန်းပြီး ပလွေးချောင်းရေ မြင့်တက်လာမှုကြောင့် ကမ်းပါးပြိုကျမှုမှကာကွယ်ရန် ကြိုတင်ပြောင်းရွှေ့နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၁) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၆,၃၀၀/-) ကျပ်တို့အား (၃-၉-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ထောင်စုနယ်မြေ၊နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)
#ha_fld
#npt_Sep2018