Category Archives: News
-
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်အား World Bank မှ လာရောက်တွေ့ဆုံမှုသတင်း
နေပြည်တော်၊ ၂၈.၈.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား World Bank မှ Infrastructure Specialist and Task Team Leader ဖြစ်သူ Ms.Henrike Brecht က နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွဲပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ၂၀၁၅ ခုနှစ်၊ ရေဘေးပြန်လည်ထူထောင်ရေးအတွက် ကမ္ဘာ့ဘဏ်၏ အရေးပေါ်တုံ့ပြန်ရေးယန္တရားရန်ပုံငွေ (Immediate Response Mechanism – IRM Fund) ဖြင့် ဆောင်ရွက်သည့် … Read more
-
မြို့နယ်အဆင့် သဘာဝဘေးစီမံခန်ခွဲမှုသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးမိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ (၂၈-၈-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် မြို့နယ်အဆင့် သဘာဝဘေးစီမံခန်ခွဲမှု သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ရာ မိုးမိတ်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးလှိုင်ထွန်းမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းများဆောင်ရွက်ခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနား၌ သင်တန်းသား/သူ (၈၀) ဦးတက်ရောက်ခဲ့ပြီး တာဝန်ရှိသူများက သင်ခန်းစာ များ ဆွေးနွေးဟောပြောခဲ့ကာ တက်ရောက်လာသူများနှင့် အမှတ်တရစုပေါင်းဓါတ်ပုံရိုက်ကူးခဲ့ပြီး သင်တန်း ကာလမှာ (၂) ရက်ဖြစ်ကြောင်း … Read more
-
ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဂုန်မင်းကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဂုန်မင်းကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာ၌ (၂၆-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၁၆၈၀၀ိ/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀ိ/-)၊ စုစုပေါင်း ထောက်ပံ့ရန်ပုံငွေ (၆၆၈၀၀ိ/-)အား (၂၈-၈-၂၀၁၈) … Read more
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ပြည်မြို့နယ်၊ လွှစင်ကျေးရွာအုပ်စု၊ လယ်ဘဲ့ကျေးရွာတွင် (၂၀-၈-၂၀၁၈)ရက်နေ့ လေဘေးကြောင့် တစ်စိတ် တစ်ပိုင်းပျက်စီး ဘုန်းကြီးကျောင်း (၁)ကျောင်းအတွက် ထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်အား (၂၈-၈-၂၀၁၈)ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင် လှူဒါန်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_aug2018 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးကြောင့် သေဆုံးသူအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကြူတောကန်အုပ်စု၊ နတ်ပုတီးကျေးရွာ၊ (၁၉-၈-၂၀၁၈)နေ့တွင် လေပြင်းတိုက်ခတ်မှု ကြောင့် သစ်ပင်ပိ သေဆုံးသူ (၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်၊ ဒဏ်ရာရ (၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀၀၀၀/-)ကျပ်တို့အား (၂၈-၈-၂၀၁၈)ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_aug2018 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်း
==================================================== ရန်ကုန်၊ သြဂုတ် ၂၈———————— မြန်မာနိုင်ငံ၏ ဒေသအချို့တွင် ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများကြောင့် ရေဘေးဒုက္ခ ခံစားခဲ့ရသော ပြည်သူများကို စာနာထောက်ထားခြင်းဖြင့် Myanmar Business Central Corporation Co.,Ltd က အလှူငွေကျပ် ၄၂၅၅၀၀၀ ကျပ်ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် လာရောက်ပေးအပ်လှူဒါန်းရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံ ရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မသန်စွမ်းမှုဆိုင်ရာ ဝေါဟာရအသုံးအနှုန်းလက်စွဲလမ်းညွှန်စာအုပ် ပြုစုထုတ်ဝေမည်
==================================================== ရန်ကုန်၊ သြဂုတ် ၂၈———————————- မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ကဦးဆောင်၍ မြန်မာနိုင်ငံ နားမကြားသူများ ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့နှင့် မသန်စွမ်းအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုဖြင့်ပြုစုထားသော “ မသန်စွမ်း မှုဆိုင်ရာ ဝေါဟာရအသုံးအနှုန်းလက်စွဲလမ်းညွှန်စာအုပ်” အတည်ပြုထုတ်ဝေနိုင်ရေးအတွက် တွေ့ဆုံညှိနှိုင်းခြင်းကို ရန်ကုန်မြို့ လူမှုဝန်ထမ်းဦးစီးရုံးတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ဥက္ကဌ ဦးအောင်ကိုမြင့်နှင့် မြန်မာနိုင်ငံ နားမကြားသူများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဥက္ကဌ ဦးကျော်ကျော်တို့က လက်စွဲလမ်းညွှန်စာအုပ် ဖြစ်ပေါ်လာပုံအဆင့်ဆင့်နှင့် ကဏ္ဍအလိုက်ပါဝင်သောအကြောင်းအရာတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ … Read more
-
သဘာဘေးလျော့ပါရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းစီမံချက်များအား အကောင်းထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၈-၂၀၁၈) ရက်နေ့၊ (၁၃း၃၀) နာရီအချိန်တွင် DRR working group နှင့် NGO/INGO အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး မွန်ပြည်နယ်အတွင်း သဘာဝဘေးလျော့ပါးရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းစီမံချက်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #otr #mon_aug2018
-
ဘိုကလေးမြို့နယ်၊ ဆတ်ကျွန်းကျေးရွာအုပ်စု၊ ဆတ်ကျွန်းကျေးရွာ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ ဆတ်ကျွန်းကျေးရွာအုပ်စု၊ ဆတ်ကျွန်းကျေးရွာ၌ (၂၇-၈-၂၀၁၈) ရက်နေ့တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သော အိမ်ခြေ (၆) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၆) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၂၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၅၂,၅၀၀/-) ကျပ်တို့အား (၂၈-၈-၂၀၁၈) ရက်နေ့ နံနက် (၀၉း၃၀) နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ … Read more
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု တောင်ဇင်းကျေးရွာတွင် (၂၀-၈- ၂၀၁၈) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးမှ သစ်ပင်ပိ၍ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၅၀၀၀/-)ကျပ်အား (၂၈-၈-၂၀၁၈)ရက်နေ့ (၁၂း၀၀)နာရီအချိန်တွင် မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာအုပ် ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #bgo_aug2018 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









