Category Archives: News
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကျိုင်းတုံမြို့ ရေပေးဝေရေစခန်းအား ကြည့်ရှုခြင်းနှင့် တာချီလိတ်ခရိုင်အတွင်းရှိ မသန်စွမ်းများထောက်ပံံ့ပွဲသို့ တက်ရောက်မှုသတင်း
စက်တင်ဘာ၂၃၊ တာချီလိတ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကျိုင်းတုံမြို့ ရေပေးဝေရေစခန်းအား ကြည့်ရှုခြင်းနှင့် တာချီလိတ်မြို့ရှိ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်းတို့ကိုဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သီလဓမ္မကုန်းသာတောရကျောင်း၊ ဘန္ဒန္တအရှင်ကောဝိဒ (ဝစီပိတ်ဆရာတော်) အားဖူမျှော်ကြည်ညို၍ သင်္ကန်းနှင့် နဝကမ္မအလှူငွေများ ဆပ်ကပ်လှူဒါန်းခြင်းနှင့် ကျိုင်းတုံ မဟာမြတ်မုနိဘုရားတွင် ပန်း၊ ဆီမီး၊ ရွှေသင်္ကန်းကပ်လှူပူဇော်ပြီး အလှူငွေများလှူဒါန်းခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ရေပေးဝေရေ စခန်းသို့ရောက်ရှိပြီးစခန်းတာဝန်ခံများက မြို့တွင်းရပ်ကွက်များရှိ ပြည်သူများအတွက် နမ့်အာချောင်းမှ ရေကို ရေစစ်ကန်အဆင့်ဆင့်ဖြင့် ရေသန့်စင်ပြီး … Read more
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့လှူဒါန်းငွေများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူးဖြစ်သူ ဒုတိယဝန်ကြီးဦးစိုးအောင်က လက်ခံရယူမှုသတင်း
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာဗီယမ်နမ်နိုင်ငံသံအမတ်ကြီး H.E. Dr. LUAN THUY DUONG တို့သည် ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သာဂရစက်မှုနယ်မြေရှိ နည်းပညာသုတေသနဌာန၌ ကျင်းပပြုလုပ်သည့် ရေဘေးသင့်ပြည်သူများနှင့် ဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်းသည့်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားအစီအစဉ်များအရ HAGL Group ၏ မန်းနေဂျင်းဒါရိုက်တာက လှူဒါန်းရခြင်းကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အလှူငွေ ကျပ်သိန်း … Read more
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၉-၂၀၁၈) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ အေးကုန်းနှင့် ပက်ပြဲကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှု ကြောင့် ဓနိမိုးထရံကာနေအိမ် (၅)လုံးပြိုကျပျက်စီးခဲ့သောကြောင့် အိမ်ထောင်စု (၅)စုမှ လူဦးရေ(၁၉) ဦး လေဘေးသင့်ခဲ့ရာ care myanmar အလှူပစ္စည်း (၁) အိမ်ထောင်လျှင် (၁)အိတ်နှုန်းဖြင့် (၅)အိတ်နှင့် ကယ်ဆယ်ရေးပစ္စည်းများကို လေဘေးသင့်ပြည်သူများလက်ဝယ်သို့ (၂၃-၉-၂၀၁၈) ရက်နေ့တွင်ကွင်းဆင်း၍ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #ayy_sep2018 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသ ကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အမှတ်(၄)ရပ်ကွက်၊ ဂျိုင်လယ်ကျေးရွာတွင် (၂၀-၉-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၂) ဦး အတွက် (၃၇,၃၅၃) ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက် ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၄,၂၀၀) ကျပ်၊ … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာထောက်ပံ့ခြင်းနှင့်မူးယစ် ပြန်လည်ထူထောင်ရေးစခန်းများ ထိရောက်စွာ ဖွင့်လှစ်ရေး ကြည့်ရှုဆွေးနွေး
စက်တင်ဘာ ၂၂၊ ကျိုင်းတုံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)သို့ ရောက်ရှိပြီး လူမှု ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာထောက်ပံ့မှုများ ပေးအပ်ခြင်းနှင့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း၊ ကလေးပြုစုရေးဌာနနှင့် အမျိုးသမီးသက်မွေးသင်တန်းကျောင်းတို့ ကို ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့မူလတန်းကြိုကျောင်း သို့ရောက်ရှိပြီး ကလေးငယ်ဦးရေ တိုးချဲ့သင်ကြားပေးနိုင်ရေးအတွက် လိုအပ်ချက်များတင်ပြ ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူတို့က ပြန်လည်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ပါသည်။ … Read more
-
ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များ အား ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်၏ လုပ်ငန်းအသေးစိတ် အစီအစဉ် (Micro Plan) ရေးဆွဲရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် နေရပ်စွန့်ခွာသူများပြန်လည်နေရာချထားရေးလုပ်ငန်း ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကျင်းပ
၂၂-၉-၂၀၁၈၊ စစ်တွေ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂) နှစ်အောက် ကလေး သူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်(Micro Plan) ရေးဆွဲရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၀၈:၀၀)နာရီတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးစိုးအောင်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ပြည်နယ် အတွင်းရှိ မြို့နယ်များမှ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများ၊ စေတနာ့ဝန်ထမ်းလူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပါသည်။ ပြည်နယ်ဝန်ကြီးချုပ်၊ … Read more
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂.၉.၂၀၁၈) ရက်နေ့၊ မနက် (၁၀:၀၀) နာရီချိန်တွင် ဟင်္သာတမြို့နယ်၊ လိပ်ချောင်းအုပ်စု၊ နဘဲကုန်ကျေးရွာ၌ သဘာဝဘေး လျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ လိပ်ချောင်းအုပ်စုနှင့် သမ္ဘာတိုင်းအုပ်စု မှ စုစုပေါင်းလူဦးရေ (၁၀၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေး အသိပညာပေးလက်ကမ်းစာစောင် (၈) မျိုးဝေငှခဲ့ခြင်းနှင့် ကျေးရွာရှိလူစည်ကား ရာနေရာများ၌ အများပြည်သူများ ကြည့်ရှုနိုင်ရန် သဘာဝဘေးအသိပညာပေးဗွီနိုင်းပိုစတာများကို ကျေးရွာအုပ် ချုပ်ရေးမှူးထံသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၁၈) ရက် နေ့တွင် မုံရွာမြို့၊ ဘူတာရုံရှေ့၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ် စိုက်ထူခဲ့ ကြောင်းသတင်းရရှိပါသည်။Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး( ဘစမ) # ar-eqk #sgg-sep 2018
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောက်ဦးမြို့နယ်၊ ဆင်အိုးကျေးရွာအုပ်စု၊ ချောင်းသစ်ကျေးရွာတွင် (၂၀ – ၉ – ၂၀၁၈)ရက်နေ့၌ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲဖိမိ၍ လုံးဝပျက်စီးသွားသော နေအိမ် (ဓနိမိုး/ထရံကာ) (၁)လုံး၊ အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုးနှင့် လူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၂)ပြည် (၂) ဗူး တို့အား (၂၂-၉-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၁-၉-၂၀၁၈) ရက်နေ့တွင် တောင်ကြီးမြို့၊ အလက(၁၄)ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား /သူ စုစုပေါင်း (၂၀၀)ဦးတက်ရောက်ခဲ့ပြီး သဘာဝဘေးဆိုင်ရာ အသိပညာပေးဗီဒီယိုပြသခြင်းနှင့် လက်ကမ်းစာစောင်များ ပေးဝေခြင်းများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။ #ar #shn_Sep2018 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)









