Category Archives: News
-
မြစ်ရေကြီးမှုအခြေအနေသတင်း
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှမြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် (၂)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၂)ရက်အတွင်း (၁)ပေခန့် ကျဆင်းနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိ နိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့ တွင် (၂)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၂)ရက် … Read more
-
ရေနံချောင်းမြို့နယ်အတွင်းရှိ ကမ်းပြိုဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ ကန်သာကျေးရွာရွာ၌ (၉-၉-၂၀၁၈) ရက် နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၄၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၆၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၃၂,၃၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၅၃၂,၃၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ထောင်စု (၁၄) စုစာတို့အား (၁၁-၉-၂၀၁၈) … Read more
-
လေဘေးကြောင့် အမိုးလန်နေအိမ်များမှ ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ဝဲကြီးကျေးရွာ အုပ်စု၊ လက်ပံသာယာကျေးရွာနှင့် သဲရိုးကျေးရွာတို့၌ (၃-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် နေအိမ် (၄) လုံးအမိုးလန်ခဲ့ရာ အဆိုပါအမိုးလန်နေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၉,၅၀၀/-) ကျပ်အား (၁၁-၉-၂၀၁၈) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်တွင် မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး နှင့်အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) … Read more
-
အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာ နည်းပြသင်တန်းနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ် (၈/၂၀၁၈) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်သည့်သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၊ ဟင်္သာတမြို့၌ (၁၀-၉-၂၀၁၈) ရက်နေ့ ၊ (၀၈း၃၀) နာရီအချိန် တွင် အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာ နည်းပြသင်တန်းနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ် (၈/၂၀၁၈) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ သင်တန်းကျောင်း ကျောင်းအုပ်ကြီးမှ အမှာစကားပြောကြားခဲ့ပြီး ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား /သူ (၉၄) ဦးစုစုပေါင်း (၁၁၀) ဦးခန့်တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းကို အာရှဒေသ သဘာဝဘေး ကြိုတင်ပြင်ဆင်ရေးဌာန ADPC မှ ကျွမ်းကျင်သူများက အားဖြည့်ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၁၂) ရက်ဖြစ်ကြောင်း … Read more
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့သည့် အိမ်ထောင်စုများနှင့် လေဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
================================================ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ အောက်ထုံးအုပ်စု၊ ကျေးရွာ ၄ ရွာ၌ (၇-၈-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့သည့်နေအိမ် (၃၂) လုံး၊ အိမ်ထောင်စု (၃၂) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၃၂၀၀၀၀၀ိ/-) ကိုလည်းကောင်း၊ အောက်ထုံးအုပ်စု၊ ကျေးရွာ ၂ ရွာ၌ (၈-၈-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့သည့် နေအိမ် (၂၇) လုံး၊ အိမ်ထောင်စု … Read more
-
ရပ်ရွာအခြေပြု ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်မှုသတင်း
================================================ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် CERA အဖွဲ့အစည်းနှင့် ပူးပေါင်း၍ ရပ်ရွာအခြေပြု ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းအား (၁၀-၉-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) အချိန်တွင် ကျောက်တော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကစ္ဆပနဒီခန်းမ၌ ဖွင့်လှစ်ခဲ့ရာ ကျောက်တော်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၅)စုမှ ကျေးရွာအုပ်စုအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်စုစုပေါင်း (၄၅) ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ခရိုင်ဦးစီးမှူး (ဘေးစီမံ)မှ ရပ်ရွာလူထုအခြေပြု သဘာဝဘေးစီမံခန့်ခွဲမှုသင်ခန်းစာများ ဆွေးနွေးပို့ချခဲ့ကြောင်း သိရှိရပါသည်။
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများက လာရောက်တွေ့ဆုံမှုသတင်း
နေပြည်တော်၊ ၁၀.၉.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများက နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ ယနေ့ လာရောက်တွေ့ဆုံခဲ့ပါသည်။ ပူးပေါင်းလုပ်ငန်းစဉ် အမှုဆောင်ဒါရိုက်တာ ဦးစိုင်းစမ်ခမ်း ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံရာတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုက်ပွဲရှောင်ပြည်သူများနှင့်ပတ်သက်သည့်နောက်ဆုံးအခြေအနေများ၊ တိုက်ပွဲရှောင်စခန်းတွင် အရွယ်ရောက်လာသော ကလေးများမှတ်ပုံတင် ရရှိရေးကိစ္စ များ၊ တိုက်ပွဲရှောင်ပြည်သူများ ၏မြေယာများတွင် တရုတ်ငှက်ပျောစိုက်ခင်းများ စိုက်ပျိုးနေ၍ တိုက်ပွဲရှောင်ပြည်သူများအနေဖြင့် ၎င်းတို့၏မြေယာဆုံးရှုံးမည်ကို စိုးရိမ်ပူပန် မှုဖြစ်ပေါ်နေရသည့်အခြေအနေများ၊ တိုက်ပွဲရှောင် စခန်းများရှိ ကျောင်းသား/ကျောင်းသူများ … Read more
-
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်မှုသတင်း
စက်တင်ဘာ၊ ၁၀၊ နေပြည်တော် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေသော အစိုးရဌာနဆိုင်ရာ ကိုယ်စားလှယ်များနှင့် ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ရခိုင်ပြည်နယ်အတွင်းရှိ လူ့အဖွဲ့အစည်း ကိုယ်စားလှယ်များ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးက အစိုးရအသစ်စတင်တာဝန်ယူဆောင်ရွက်စဉ်အချိန်ကစပြီး ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်နေပါကြောင်း၊ တည်ငြိမ်အေးချမ်းမှုရရှိရန် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးရှိဖို့ လိုအပ်ပါကြောင်း၊ တရားဥပဒေစိုးမိုးခြင်းဆိုသည်မှာ ဥပဒေများကို လက်တွေ့အကောင်အထည်ဖော်ပေးခြင်း ဖြစ်ပါကြောင်း၊ … Read more
-
မြေငလျင်ဘေးအန္တရာယ် အသိပညာပေး နည်းပြသင်တန်းဖွင့်လှစ်သည့်သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် ကုလသမဂ္ဂဖွံ့ဖြိုးတိုး တက်မှုအစီအစဉ် (UNDP) တို့မှ တာဝန်ရှိသူများသည် အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာသင်ကျောင်း (၁၀၀) တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် မြေငလျင် ဘေးအန္တရာယ် အသိပညာပေးနည်းပြသင်တန်းအား (၁၀-၉-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်သဘာဝဘေးကော်မတီ နှင့် လူမှုရေးအသင်းအဖွဲ့များမှတာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး အဆိုပါသင်တန်းကို သင်တန်းသား/သူ ဆရာ/ဆရာမ (၃၂) ဦး၊ ဘေး/စီမံတိုင်းရုံးမှ (၈) ဦး၊ စုစုပေါင်း … Read more
-
ငလျင်ဘေးနှင့် အခြားဘေးများအကြောင်း ဆွေးနွေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၉.၂၀၁၈)ရက်နေ့ နံနက် (၁၃း၀၀)နာရီမှ (၁၅း၀၀)နာရီအထိ တာချီလိတ်မြို့နယ်၊ ဝမ်ကျောက်လုံ အမက မူလွန်ကျောင်းတွင် ကျောင်းသူ၊ ကျောင်းသားစုစုပေါင်း (၁၄၀)ဦးအား ခရိုင်ဦးစီးမှူးမှ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်၊ ထောက်ပံ့မှုများအကြောင်း ကိုလည်းကောင်း၊ ငလျင်ဘေးနှင့် အခြားဘေးများ၏ ဆောင်ရန်ရှောင်ရန်များကိုလည်းကောင်း ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် နံရံကပ်ပိုစတာပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_eqk #shn_sep2018 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)









