ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာထောက်ပံ့ခြင်းနှင့်မူးယစ် ပြန်လည်ထူထောင်ရေးစခန်းများ ထိရောက်စွာ ဖွင့်လှစ်ရေး ကြည့်ရှုဆွေးနွေး

23_Pic_04

စက်တင်ဘာ ၂၂၊ ကျိုင်းတုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)သို့ ရောက်ရှိပြီး လူမှု ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာထောက်ပံ့မှုများ ပေးအပ်ခြင်းနှင့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း၊ ကလေးပြုစုရေးဌာနနှင့် အမျိုးသမီးသက်မွေးသင်တန်းကျောင်းတို့ ကို ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။                 ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့မူလတန်းကြိုကျောင်း သို့ရောက်ရှိပြီး ကလေးငယ်ဦးရေ တိုးချဲ့သင်ကြားပေးနိုင်ရေးအတွက် လိုအပ်ချက်များတင်ပြ ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူတို့က ပြန်လည်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ပါသည်။                                                 ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်းသို့သွားရောက်ပြီး၊ ကျောင်းတွင်ပြုစုစောင့်ရှောက်ပေးထား သော အမျိုးသမီးငယ်(၇၀)ဦးတို့အား တွေ့ဆုံ၍အားပေးစကားပြောကြားခြင်း၊ ကျောင်းပညာ သင်ကြားနိုင်မှုအခြေအနေများကိုမေးမြန်ခြင်း၊ စက်ချုပ်နှင့်ဇာထိုး၊ ပန်ထိုးသင်တန်းဖွင့်လှစ် သင်ကြားပေးနေမှုအားကြည့်ရှုခြင်းနှင့် ကျောင်းခြံစည်းရိုးအဆင့်မြင့်တင်နိုင်ရန်အတွက် ညှိနှိုင်း ထောက်ပံ့ပေးခဲ့ပါသည်။                                    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူမှုဝန်ထမ်းဦးစီးဌာန၊ ကလေးပြုစုရေး ဌာနသို့ရောက်ရှိပြီး ဌာနကပြုစုစောင့်ရှောက်ထားသော ကလေးငယ် (၅၀)ဦးနှင့် ဆရာမများအား တွေ့ဆုံပြီး အားပေးစကားပြောကြားခြင်း၊ အိပ်ဆောင်၊ စားသောက်ဆောင်နှင့် ဆေးပေးခန်း တို့ကိုကြည့်ရှုခဲ့ပြီး ကလေးငယ်များအား ပဲနို့နှင့်မုန့်များပေးအပ်ခဲ့ပါသည်။ ထို့နောက်ဝန်ထမ်းများ နှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားခြင်း၊ မိမိတို့ဝန်ကြီးဌာနကို ပြည်သူများအသိအမှတ်ပြုခံ ရအောင် စွမ်းဆောင်ကြိုးပမ်းခဲ့သော ဝန်ထမ်းများအား ဂုဏ်ပြုကြောင်း၊ ဆက်လက်၍တာဝန်များ ကျေပွန်စွာထမ်းဆောင်ကြစေလိုကြောင်းနှင့် ဝန်ကြီးဌာန၏ မူဝါဒများနှင့်လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဂုဏ်ပြုမှာတမ်းလွှာများကိုပေးအပ်ခဲ့ပါသည်။ ထို့နောက် ဦးစီးဌာနအလိုက် ဝန်ထမ်းများက ၎င်းတို့၏ လိုအပ်ချက်များကို တင်ပြစေခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူ များက ပြန်လည်ဖြေရှင်းဆောင်ရွက်ပေးခြင်းများပြုလုပ်ခဲ့ပါသည်။                 မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကျိုင်းတုံမြို့တော်ခန်းမတွင် ကျင်းပပြုလုပ် သော လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာထောက်ပံ့မှုများ ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ပြီး မိမိတို့အစိုးရတာဝန်များ စတင်ထမ်းဆောင်ချိန်မှစ၍ တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးကဏ္ဍအနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တရားသော ဥပဒေများအကောင်ထည်ဖေါ်စိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်  လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကိုအဟန့်အတားဖြစ်စေမည့် သဘာဝဘေး၊ လူကြောင့်ဖြစ်သော ဘေးများကို ထိရောက်စွာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် မူယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအတွက် လိုအပ်သောဥပဒေ၊ နည်းဥပဒေ များကိုဖေါ်ဆောင်ပြီးမသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာအမျိုးသားကော်မတီ၊ လုပ်ငန်း ကော်မတီများကိုလည်း ဖွဲ့စည်းကာတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အကောင်အထည် ဖေါ်ဆောင်ရွက်နေပါကြောင်းပြောကြားခဲ့ပြီး အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်လာကြသော မသန်စွမ်းသူများ၊ အထူးကာကွယ်စောင့်ရှောက်ရန် လိုအပ်သောကလေးငယ်များအား ထောက်ပံ့ ငွေများကို လက်ဝယ်အရောက်ပေးအပ်ခဲ့ပါသည်။ ယနေ့အခမ်းအနားတွင် ကျိုင်းတုံခရိုင်နှင့် မိုင်းဆတ်ခရိုင်းအတွင်းရှိ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေကျပ် (၉,၁၈၀,၀၀၀)၊ အထူး ကာကွယ် စောင့်ရှောက်ရန်လိုအပ်သော ကလေးငယ်များအတွက် ငွေကျပ်(၃,၇၂၀,၀၀၀)နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များဖြစ်ကြသော ဂုံရှမ်း၊ လိရှမ်း၊ တိုင်းနေ၊ ရှမ်းကြီး၊ လွယ်၊ လားဟူ၊ အာခါ၊ ဝ၊ လီဆူ၊ ပလောင်၊ ဗမာ အဖွဲ့များအတွက် ထောက်ပံ့ငွေကျပ်(၃၃)သိန်း၊ ကျိုင်းတုံမြို့ရေပေးဝေရေးလုပ်ငန်းအတွက် သဘာဝဘေးရန်ပုံငွေက ထောက်ပံ့ငွေကျပ်သိန်း(၂၉၅၀)များကို ပေးအပ်ခဲ့ရာ တာဝန်ရှိသူများကလက်ခံခဲ့ပြီး မြို့မိမြိုဖ တစ်ဦးဖြစ်သူ ဦးခင်မောင်ထွန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ ယနေ့ ထောက်ပံ့ငွေစုစုပေါင်း ကျပ် (၃၁၁၂) သိန်းရှိကြောင်း သိရှိရပါသည်။             ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးစခန်းသို့သွားရောက်ပြီး၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေး စခန်းတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မူးယစ်ပြန်လည်ထူထောင်ရေးသင်တန်းများကို ထိထိ ရောက်ရောက် ပိုမိုဆောင်ရွက်နိုင်ရေးနှင့် လိုအပ်ချက်များဖြည့်ဆည်းပေးရန် ညှိနှိုင်းဆွေးနွေးခဲ့ပါ သည်။ ထို့နောက်  ဌာနကပြုစုစောင့်ရှောက်ထားသောကလေးငယ် (၅၀)ဦးနှင့်တွေ့ဆုံ၍ နှုတ်ဆက်အားပေးစကားပြောခဲ့ကာ ကလေးငယ်များအတွက် ကျောင်းပညာသင်ကြားနေမှု အခြေအနေများမေးမြန်းခြင်း၊ အားကစားအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#hl1
#shn_sep2018

Sign Up

Upcoming Events