Category Archives: News
-
Research and Development Center ဒသမအကြိမ်မြောက် စာတမ်းဖတ်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတက်ရောက်မှုသတင်း
နေပြည်တော်၊ အောက်တိုဘာ ၁၀ ဝန်ကြီးဌာန၏ Research and Development Center က ဦးဆောင်၍ မြန်မာနိုင်ငံတွင် မြေငလျင်၊ မြေပြိုမှု၊ ရေဘေးအန္တရာယ်ဆန်းစစ်လေ့လာချက်များနှင့်ပတ်သက်သည့် ဒသမအကြိမ်မြောက် စာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေး ခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၏ ရေးဆွဲထားသောမူဝါဒများဖြစ်သည့် အခြေခံလူ့အခွင့်အရေး၊ ဒီမိုကရေ စီစံနှုန်းများနှင့်ညီညွတ်သော လူ့ဂုဏ်သိက္ခာအပြည့်အဝရရှိနိုင်မည့် လူမှုအသိုက်အဝန်းတစ်ရပ် ပေါ်ပေါက် လာစေ ရန်အတွက် ဦးစီးဌာနအသီးသီးက ဆောင်ရွက်နေပါကြောင်း၊ ထိရောက်သောဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ်များ … Read more
-
မုန်တိုင်းဘေးအန္တရာယ်အသိပညာပေးပိုစတာဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၀-၂၀၁၈) ရက်နေ့၊ (၁၂း၀၀) နာရီအချိန်တွင် ပြည်သူများ သဘာဝဘေးအသိပညာတိုးပွားစေရေးအတွက် ကျောက်ဖြူမြို့၊ ရုံးတက်လမ်းရှိ ခရစ်ယာန် (ကက်သလစ်) ကျောင်းရှေ့ တြိဂံမျက်ခင်းပြင်အနီး လမ်းဆုံနေရာ၌ မုန်တိုင်းဘေးအန္တရာယ်အသိပညာပေးပိုစတာဆိုင်းဘုတ်အား စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_str #rbe_Oct2018
-
မိုးကြိုးဘေးထောက်ပံ့ခြင်း
================================================ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ပက်ပြဲကျေးရွာနေ မောင်နိုင်(၁၇)နှစ် (ဘ)ဦးလှဝင်းသည် (၁-၁၀-၂၀၁၈) ရက်နေ့တွင် မိုးကြိုးထိမှန်သေဆုံးခဲ့ခြင်းအတွက် ထောက်ပံ့ငွေ (၃) သိန်းကျပ်အား (၉-၁၀-၂၀၁၈) ရက်နေ့တွင် သေဆုံးသူ၏ဖခင်ထံ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
ဖျာပုံမြို့နယ် ဒေါ်ညိမ်း Shelter နှင့် ဓမင်းဆိပ် Shelter ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းပြီးစီးမှုအား ကွင်းဆင်းစစ်ဆေးခြင်း
================================================ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၀-၂၀၁၈) ရက်နေ့တွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ဖြည့်စွက်ရန်ပုံငွေဖြင့် ဖျာပုံမြို့နယ် ဒေါ်ညိမ်း Shelterနှင့် ဓမင်းဆိပ် Shelter ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းပြီးစီးမှုအား ဖျာပုံခရိုင်စာရင်းစစ်အဖွဲ့နှင့်အတူ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီမြစ်ကမ်းပါးပြိုကျ မှုကြောင့် (၃၀.၉.၂၀၁၈)ရက်နေ့တွင် ကျွန်းမီးအုပ်စု၊ ကျွန်းမီးကျေးရွာ၌ ကမ်းပြိုဘေးကြို တင်ရွှေ့ပြောင်းနေအိမ်(၁)လုံး၊ (၁.၁၀.၂၀၁၈)ရက်နေ့ တွင် ကျွန်းမီးအုပ်စု၊ ရွှေတောင်စုကျေးရွာ၌ ကမ်းပြိုဘေးကြိုတင်ရွှေ့ပြောင်းနေအိမ် (၄)လုံး၊ (၅.၁၀.၂၀၁၈)ရက်နေ့တွင် ကျွန်းမီးအုပ်စု၊ ရွှေတောင်စုကျေးရွာ၌ ကမ်းပြိုဘေးကြို တင်ရွှေ့ပြောင်းနေအိမ်(၆)လုံး၊ စုစုပေါင်းကြိုတင် ရွှေ့ပြောင်းနေအိမ်(၁၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၁၀၀၀၀၀/-)ကျပ်တို့အား (၁၀.၁၀.၂၀၁၈)ရက်နေ့၊ နေ့လယ် (၁၃း၅၀)နာရီအချိန်တွင် ပန်းတောင်းမြို့အထွေထွေ အုပ်ချုပ်ရေးဌာနတွင် ကျေးရွာပြည်သူများလက်ဝယ် သို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe … Read more
-
ရေဘေးအန္တရာယ်အသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁၀-၂၀၁၈) ရက်နေ့၊ (၁၂း၀၀) နာရီအချိန်တွင် ပြည်သူများ သဘာဝ ဘေးအန္တရာယ်အသိပညာတိုးပွားစေရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့ ဆေးရုံလမ်းနှင့် ရန်ကုန်ပြည်လမ်းဆုံနေရာ၌ ရေဘေးအန္တရာယ်အသိပညာပေးပိုစတာဆိုင်းဘုတ်အား စိုက်ထူပေးခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_fld #bgo_Oct2018
-
မီးလောင်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် ဘုန်းကြီးကျောင်းအတွက် ထောက်ပံ့ခြင်း
================================================ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်မြို့နယ်၊ ရွာဘဲရပ်ကွက်၊ ရွှေင်္ဟသာအရှေ့ပေါက်၊ မြတ်လေးရုံဘုန်းကြီးကျောင်း၌ (၂၈-၉-၂၀၁၈) ရက်နေ့တွင် မီးလောင်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် အဆိုပါဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀ိ/-) အား (၁၀-၁၀-၂၀၁၈) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
-
မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ တရုတ်မှော်ကျေးရွာ အုပ်စု၊ သာစည်ကျေးရွာ၌ (၂၅-၉-၂၀၁၈) ရက်နေ့တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ် (၂) လုံး အတွက် ထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် သောင်ပြင်ကုန်းအုပ်စု၊ သောင်ပြင်ကုန်းကျေးရွာ၌ (၂၈-၉-၂၀၁၈) ရက် နေ့တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ် (၉) လုံးအတွက် ထောက်ပံံ့ငွေ (၉၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၁၀၀,ဝဝ၀/-) ကျပ်တို့အား (၁၀-၁၀-၂၀၁၈) ရက်နေ့ (၁၁:၃၀) နာရီအချိန်တွင် … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ စစ်ကုန်းအုပ်စု၊ ရေလယ်သောင်ကျေးရွာ၌ (၃-၁၀-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၈)လုံး၊ ၎င်းအိမ်ထောင်စု (၈)စုရှိ လူဦးရေ(၄၄)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး(၈)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၈၀၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး (၉၂၄၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၈၉၂၄၀၀) ကျပ်ကို (၉-၁၀-၂၀၁၈) ရက်နေ့တွင် ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
မိုးကြိုးထိမှန်သေဆုံးသူအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအုပ်စု၊ လင်မလိုကျေးရွာ၌ (၂၂-၉-၂၀၁၈) ရက်နေ့တွင် မိုးကြိုးဘေးကြောင့် မိုးကြိုးထိမှန်သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ် အား (၁၀-၁၀-၂၀၁၈) ရက်နေ့၊ (၁၁း၃၀) နာရီအချိန်တွင် ကျန်ရစ်သူမိသားစုထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_tls #tny_Oct2018









