Category Archives: News
-
“သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ ဝက်ထီးကန်တိုက်နယ်၊ လွှစင်ကျေးရွာအုပ်စု၊ လယ်ဘဲ့ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း၌ (၂၇.၉.၂၀၁၈)ရက်နေ့၊ (၁၄း၀၀)နာရီအချိန်မှ (၁၅း၁၅)နာရီချိန်အထိ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့်ကျေး ရွာသူ/သားများ စုစုပေါင်းအင်အား(၂၀၀)ဦးကျော် တို့်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။ ယင်းပွဲ၌ ပြည်မြို့နယ်သဘာဝဘေးလျော့ပါးရေး(ဆင့်ပွား) သင်တန်းဆင်း-စေတနာ့ဝန်ထမ်းလူငယ်(၃)ဦးတို့ပူးပေါင်းပါဝင်ပြီး အသိပညာပေးဟောပြောခြင်း၊ လက်တွေ့သရုပ်ပြခြင်းနှင့် ဂိမ်းကစားခြင်းများဖြင့် ဆောင်ရန်/ရှောင်ရန်အချက်များကို သိသာထင်ရှားအောင်ဆောင်ရွက်ခဲ့ပြီး၊ အသိပညာပေးလက်ကမ်းစာစောင်များနှင့် ခေါက်ဆွဲခြောက်ထုပ်များ ပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_sep2018 Source: … Read more
-
ငလျင်ဘေးအန္တရာယ်အသိပညာပေးဗီနိုင်းဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၉-၂၀၁၈) ရက်နေ့တွင် ပြည်သူများသဘာဝဘေး အသိပညာ များတိုးပွားစေရန်ရည်ရွယ်၍ ညောင်ဦးမြို့၊ အ.ထ.က မြို့မကျောင်းအနီး မြို့မရဲစခန်းရှေ့တွင် ငလျင်ဘေးအန္တရာယ် အသိပညာပေးဗီနိုင်းဆိုင်းဘုတ်အား စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #mdy_Sep2018
-
သဘာဝဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ် စိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၂၈-၉-၂၀၁၈)ရက်နေ့တွင် သဘာဝဘေးအမျိုးမျိုးနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူလူထု များသိရှိစေရန်အတွက် ဟင်္သာတမြို့နယ်၊ ဟင်္သာတခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးရုံးရှေ့၌ သဘာဝဘေးအသိ ပညာပေးဗီနိုင်း ဆိုင်းဘုတ်အား သွားရောက်စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_sep2018 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး (ယာယီ) ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၉-၂၀၁၈) ရက်နေ့တွင် သံတောင်ကြီးမြို့နယ်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌် သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး (ယာယီ) ကို ဖွင့်လှစ်ခဲ့ပြီး ဌာနဆိုင်ရာများနှင့် မိတ်ဆက်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာ များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ စုစုပေါင်း အင်အား (၃၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #otr #krn_Sep2018
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ တဇင်ရေကျော်ကျေးရွာအုပ်စု ကျေးရွာခွဲ (၆)ရွာ၌ (၂၉-၈-၂၀၁၈)ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် ရေကြီး နှစ်မြုပ်မှုကြောင့် ရေဝင် မရွှေ့ပြောင်း နေအိမ် (၁၄၂)လုံး အိမ်ထောင်စု (၁၄၂)စုမှ စုစုပေါင်းလူဦးရေ (၆၅၁)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ ရန်ပုံငွေ (၁၃၆၇၁၀၀/-) ကျပ်တို့အား (၂၉-၉ -၂၀၁၈)ရက်နေ့ (၀၉း၀၀)နာရီချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #ayy_sep2018 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲ မှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းထွန်း၊ သာပေါင်းမြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့ နယ်၊ ဘုရားကုန်းကျေးရွာ၊ ဘုရားနီကျေးရွာ၊ ခေနန်ကျေးရွာ၊ ထန်းဇင်လှကြို့ကုန်း ကျေးရွာနှင့် အုတ်ရှစ်ကျေးရွာတို့တွင် (၂၀.၉.၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ် (၇)လုံး၊ အမိုးလန်နေအိမ် (၄)လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးပါ (၄)ပုံး (၇၄၀၄၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၇)ပုံး (၂၆၁၄၇၁)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀၀/-)ကျပ်၊ လူဦးရေ … Read more
-
၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပပြုလုပ်မှုသတင်း
နေပြည်တော်၊ စက်တင်ဘာ ၂၈ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ (၁) ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ဂုဏ်ပြုအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ကျင်းပသည်။ ဂုဏ်ပြုအခမ်းအနားသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာသံရုံးများမှ သံအမတ်ကြီးများ၊ … Read more
-
လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ အေးကု န်းနှင့် ပက်ပြဲကျေးရွာ တို့၌ (၂၂-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် (ဓနိမိုး/ထရံကာ) ပြိုကျပျက်စီးနေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စုမှ လူဦးရေ (၁၉) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် လေဘေးကယ်ဆယ်ရေး အလှူပစ္စည်း Care myanmar family kit (၅) အိမ်ထောင်စာကို (၂၃-၉-၂၀၁၈) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ခဲ့ပြီး (၂၈-၉-၂၀၁၈) … Read more
-
သဘာဝဘေးအသိပညာပေး မြေစိုက်ပိုစတာစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၉-၂၀၁၈) ရက်နေ့တွင် ပြည်သူများ သဘာဝဘေးအသိပညာများ ရရှိစေရန်ရည်ရွယ်၍ သရက်မြို့၊ ဗိုလ်ချုပ်ပန်းခြံရှေ့နှင့် အကျဉ်းဦးစီးဌာနလမ်းထောင့်တို့တွင် အသိပညာပေးမြေစိုက် ပိုစတာဆိုင်းဘုတ် (၂) ခုအား စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #mgy_Sep2018
-
အာဆီယံသဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့၏ (၉) ကြိမ်မြောက် အစည်းအဝေးကျင်းပပြုလုပ်မှု သတင်း
မန္တလေး၊ စက်တင်ဘာ ၂၈ အာဆီယံသဘာဝဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့၏ (၉)ကြိမ်မြောက်အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်နေ့တွင် မန္တလေးမြို့၊ ရွှေပြည်သာဟိုတယ်တွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးစိုးအောင် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။ အစည်းအဝေး၌ ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် အာဆီယံဒေသသည် သဘာဝဘေး အန္တရာယ်မျိုးစုံကိုကြုံတွေ့ခံစားနေရပြီး တစ်ကမ္ဘာလုံးတွင် ဖြစ်ပွားလျက်ရှိသည့် သဘာဝဘေးအန္တရာယ်များကြောင့် လူသေဆုံးမှု၏ (၅၀%) ကို အာဆီယံဒေသတွင်း၌ တွေ့ကြုံနေရပါကြောင်း၊ ထို့အပြင် သဘာဝဘေးအန္တရာယ်များကြောင့် ဒေသတွင်းစီးပွားရေးဆုံးရှုံးမှုမှာနှစ်စဉ် အမေရိကန်ဒေါ်လာ (၄.၄) … Read more









