Category Archives: News
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် စင်္ကာပူနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး
(၉.၁၁.၂၀၁၈)ရက်နေ့၊ နံနက်ပိုင်းတွင် စင်္ကာပူနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ခန်းမ ဆောင်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် စင်္ကာပူနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Dr. Vivian Balakrishnan တို့တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံစဉ်ရခိုင်ပြည်နယ်တွင် ဆောင်ရွက်နေသောနေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆောင်ရွက်မည့်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများက ASEAN Coordinating Centre for Humanitarian Assistance on Disaster Management(AHACentre)နှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်မည့်ကိစ္စရပ်များကိုရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။ #hl1 #Singapore_Nov2018 Source … Read more
-
မီးဘေးသင့်နေအိမ်အတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟိုပုံးမြို့နယ်၊ နမ့်ခုတ်ကျေးရွာ၊ ရပ်ကွက် (၄) ၌ (၆-၁၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး ဘေးသင့်နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်အား (၉-၁၁-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ha_fir #shn_Nov2018
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၁-၂၀၁၈) ရက်နေ့ နေ့လယ်ပိုင်းတွင် ဟိုပုံးမြို့နယ်၊ အ.ထ.က (စငေါ) ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူ စုစုပေါင်း (၃၀၀) ဦးတက်ရောက်ခဲ့ပြီး အသိပညာ ပေးဗီဒီယိုပြသခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_Nov2018
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၁-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် ဟိုပုံးမြို့နယ်၊ အ.ထ.က ကျောက်ကချားကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူ စုစုပေါင်း (၃၀၀) ဦးတက်ရောက်ခဲ့ပြီး အသိပညာ ပေးဗီဒီယိုပြသခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_Nov2018
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၁-၂၀၁၈) ရက်နေ့တွင် ပြည်သူများ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာဗဟုသုတများ ပိုမိုပြည့်ဝစေရန် မုံရွာမြို့၊ အမြန်ရေယာဉ်ဂိတ်၊ ဘူတာရုံနှင့် ကားလေးကွင်းတို့၌ ငလျင်နှင့် မီးဘေး ပိုစတာကပ်ခြင်း၊ စိုက်ထူခြင်းနှင့် ခရီးသွားပြည်သူများထံ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိပါသည်။ Source:စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #sgg_Nov2018
-
သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ တီတွတ်ပြင်ကျေးရွာ၊ (အ.ထ.က) (ခွဲ) တီတွတ်ပြင်၌ (၉-၁၁-၂၀၁၈) ရက်နေ့တွင် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေး ဟောပြောခြင်းများဆောင်ရွက်ခဲ့ရာ ကျောင်းသား /သူ (၂၀၀) ဦးတက်ရောက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #tny_nov2018
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၉-၁၁-၂၀၁၈) ရက်နေ့၊ (၁၁း၀၀) အချိန်မှ (၁၂း၀၀) နာရီအချိန်ထိ မော်လမြိုင်မြို့နယ်၊ ကော့တွန်ကျေးရွာ၊ ဓမ္မာရုံ၌ လူဦးရေ (၁၅၀) ဦးခန့်အား သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာ ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mon_Nov2018
-
ငလျင်ဘေးပညာပေးပိုစတာများ လွှဲပြောင်းပေးအပ်ခြင်းသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၁-၂၀၁၈) ရက်နေ့တွင် ကန့်ဘလူမြို့နယ်ရှိ ကျောင်းသား/ကျောင်းသူများအား ငလျင်ဘေးအန္တရာယ်နှင့်ပတ်သတ်၍ ဆောင်ရန် ရှောင်ရန်များသိရှိစေရန် ကန့်ဘလူမြို့နယ်ကျောင်းများ၌ကပ်ရန်အတွက် ငလျင်ဘေးပညာပေးပိုစတာ (၁၂၅) စောင်အား ကန့်ဘလူမြို့နယ် လက်ထောက်မြို့နယ်ပညာရေးမှူးထံသို့လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #sgg_nov2018
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း၊ သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေး ဟောပြောခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မရမ်းကုန်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ ပေါ်တော်မူ ဓမ္မာရုံ၌ (၉-၁၁-၂၀၁၈) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာ ပေးခြင်း၊ သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ရာ ပြည်သူလူထု (၁၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေး အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar_eqk #ygn_nov2018
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပိုစတာကပ်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွ က်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၁-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် လူစည်ကားရာနေရာ များဖြစ်သော မော်လိုက်မြို့၊ စည်ပင်သာယာဈေးအတွင်း၊ လက်ဖက်ရည်ဆိုင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ရှေ့တို၌ ငလျှင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပိုစတာကပ်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_eqk #mon_nov2018









