လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၁-၂၀၁၈) ရက်နေ့တွင် ပြည်သူများ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာဗဟုသုတများ ပိုမိုပြည့်ဝစေရန် မုံရွာမြို့၊ အမြန်ရေယာဉ်ဂိတ်၊ ဘူတာရုံနှင့် ကားလေးကွင်းတို့၌ ငလျင်နှင့် မီးဘေး ပိုစတာကပ်ခြင်း၊ စိုက်ထူခြင်းနှင့် ခရီးသွားပြည်သူများထံ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိပါသည်။
Source:စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#ar
#sgg_Nov2018