Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၁-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) အချိန်မှ (၁၁း၀၀) နာရီအချိန်အထိ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ လူဦးရေ (၁၀၀) ဦးခန့်အား အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mon_nov2018
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၁-၂၀၁၈) ရက်နေ့တွင် မိုင်းဆတ်မြို့၊ အ.ထ.က (ခွဲ) လ-၂ ကျောင်း၌ ကျောင်းသား/သူ စုစုပေါင်း (၁၀၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #shn_nov2018
-
မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံ ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် ကျိုင်းလပ်မြို့ ထွေ/အုပ်၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် (၁၂-၁၁-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် ကျိုင်းလပ်မြို့၊ ထွေ/အုပ်ခန်းမတွင် မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းအားဖွင့်လှစ်ခဲ့ရာ ကျိုင်းလပ်မြို့ အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျိုင်းတုံခရိုင် ဦးစီးမှူးရုံး (ဘစမ) တာဝန်ရှိသူမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်း စာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ သင်တန်းသား (၅၀) ဦးတက်ရောက်ခဲ့ပြီး သင်တန်း ကာလမှာ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်ဂျန်းယန်မြို့နယ်၊ အင်ဝိုင်းကောင်ကျေးရွာအုပ်စု၊ အင်ဝိုင်းကောင်ကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ (၉-၁၁-၂၀၁၈) ရက်နေ့၊ (၁၂း၃၀) အချိန်တွင် ဒေသခံပြည်သူ (၈၀) ဦးအားလည်းကောင်း၊ အင်လောက်ယန်ကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ (၁၄း၃၀) အချိန်တွင် ဒေသခံပြည်သူ (၅၀) ဦးအားလည်းကောင်း ဒေသသုံး (ကချင်) ဘာသာစကားဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ ကချင်ဘာသာစကားဖြင့်ပုံနှိပ်ထားသော ငလျင်ဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တောင်ပြိုလက်ဝဲ၊ ငါးခူရနှင့် လှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်းများ ပြန်လည်လက်ခံရန် အသင့်ပြင်ဆင်ထားမှုအားသွားရောက်ကြည့်ရှုမှုသတင်း
စစ်တွေ နိုဝင်ဘာ ၁၁ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် မောင်တောမြို့နယ်ရှိ တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်း၊ ငါးခူရ ပြန်လည် လက်ခံရေးစခန်းနှင့် လှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်းတို့သို့သွားရောက်ပြီး နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရန် အသင့် ပြင်ဆင်ထားမှုအခြေအနေကို ကြည့်ရှု သည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီးဗိုလ်မှူးကြီးဖုန်းတင့်၊ တာဝန်ရှိသူများနှင့်အတူ တောင်ပြိုလက်ဝဲပြန်လည်လက်ခံရေးစခန်းသို့ရောက်ရှိရာ စခန်း တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးရဲထူးက ပြန်လည်လက်ခံမည့်နေရာ၊ ဆောင်ရွက်သွားမည့် ရုံးလုပ်ငန်းစဉ်များ၊ … Read more
-
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အသက်ကယ်အင်္ကျီ်များ ထောက်ပံ့ပေးနေမှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၁၁.၂၀၁၈) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ကသာမြို့နယ်နှင့် ရွှေဘိုမြို့နယ်ရှိစာသင်ကျောင်းများတွင် လှေ၊ စက်လှေများဖြင့် ကျောင်းတက်နေရသော ကျောင်းသား၊ကျောင်းသူများ ဘေးအန္တရာယ် ကာကွယ်ရေးအတွက် ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာအုပ်စု၊ စစ်ကုန်းကျေးရွာ၊ ဝေဆွယ်ကျေးရွာ၊ အထက်သဖန်းဒေါင့်ကျေးရွာ၊ အောက်သဖန်းဒေါင့် ကျေးရွာ၊ ဂွေ့ကြီးကျွန်း ကျေးရွာ၊ နွယ်နီကျေးရွာ၊ စုစုပေါင်းကျေးရွာ(၆)ရွာအတွက် အသက်ကယ်အင်္ကျီ(၁၂၀)ထည်နှင့် ရွှေဘိုမြို့၊ မအူကျေးရွာအတွက်အသက်ကယ် အင်္ကျီ(၁၀)ထည် စုစုပေါင်းအသက်ကယ်အင်္ကျီ (၁၃၀)ထည် နှင့် မီးဘေး၊ငလျင်ဘေး အသိပညာပေးပိုစတာများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #sgg_Nov2018 … Read more
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၁-၂၀၁၈) ရက်နေ့တွင် ပြည်သူလူထုအား ငလျင်ဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာများ တိုးပွားစေရန်ရည်ရွယ်၍ ငလျင်အသိပညာပေးပိုစတာများအား ကားဂိတ်များ၊ မီးသတ်ရုံး/ပြန်ဆက်ရုံးနှင့်စာသင်ကျောင်းများတွင် သွားရောက်ကပ်ပေးခဲ့ကြောင်း သတင်ရရှိပါသည်။ #ar #sgg_Nov2018 Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီဆွေးနွေးပွဲ ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်
နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ ကိစ္စရပ်များ ညှိနှိုင်းဆောင်ရွက်ရေးအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာနေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်ပြန်လည်နေရာချထားရေးကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ခွာသွားသည့် ရခိုင်ဒေသ၌နေခဲ့သည့် သူများအားစိစစ်၍ပြန်လည်လက်ခံရန် စီစဉ်နေခြင်းဖြစ်ပါကြောင်း၊ စိစစ်ခြင်းလုပ်ငန်းများကိုဥပဒေ၊စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ရန်ဖြစ်ပြီး နှစ်နိုင်ငံသဘောတူညီစာချုပ်အတိုင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ နှစ်နိုင်ငံသဘောတူစာချုပ်အရသဘောတူလက်မှတ်ထိုးသည့်နေ့မှ (၂)လအတွင်းစတင်လက်ခံရန် အသင့်ဖြစ်ပါကြောင်း၊ ပြန်လည်လက်ခံရန်အတွက် ယုံကြည်မှုရှိရန်နှင့် ပွင့်ပွင့်လင်းလင်းရှိရန် လိုအပ်ပါကြောင်း၊ UNHCR/ UNDPနှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်းသည် ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးကိစ္စများကိုပံ့ပိုးကူညီနိုင်ရန်ဖြစ်ပါကြောင်း၊ ပထမအသုတ်အနေဖြင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သဘောတူညီချက်အရ (၂၂၅၁)ဦးကို ပြန်လည်လက်ခံမည် ဖြစ်ပါကြောင်း၊ မလွှဲမသွေဆောင်ရွက်ရမည့်လုပ်ငန်းစဉ်ဖြစ်၍အောင်မြင်စွာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ … Read more
-
မိုးအဆက်မပြတ်ရွာသွန်း၍ ကွိုင်ငံရေထွက်ပေါက်မှ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ခြင်းကြောင့် ပြောင်းရွှေ့ပြည် သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁၀-၂၁၀၈) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်း၍ ကွိုင်ငံရေထွက်ပေါက်မှ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ခြင်းကြောင့် ဒီးမော့ဆိုမြို့နယ်၊ နောင်ပုလဲကျေးရွာအုပ်စု၊ (၄) မိုင်ကုန်းကျေးရွာရှိ နေအိမ်များအတွင်းသို့ ရေများဝင်ရောက်ခဲ့ပြီး ဘေးသင့်ခဲ့ရာ အဆိုပါ ဘေးသင့်ပြောင်းရွှေ့ အိမ်ထောင်စု (၁၅) စုမှ လူဦးရေ (၇၄) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၅၅,၄၀ဝ/-) ကျပ်အား (၉-၁၁-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fld … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပိုစတာကပ်ခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၁-၂၀၁၈) ရက်နေ့တွင် ပြည်သူလူထုအား ငလျင်ဘေး အန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာများ တိုးပွားစေရန်ရည်ရွယ်၍ ကားဂိတ်များ၊ မီးသတ်ရုံး/ပြန်ဆက်ရုံးနှင့် စာသင်ကျောင်းတို့၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ပိုစတာကပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar_eqk #sgg_nov2018









