Category Archives: News
-
စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ မံစီမြို့၊ မံစီမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းဝေးခမ်းမ၌ (၂၆-၁၁-၂၀၁၈) ရက်နေ့၊ နံနက် (၉း၀၀) နာရီအချိန်တွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းသား/သူ (၃၀) ဦး တို့တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #kcn_nov2018
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ပက်ပြဲကျေးရွာရှိ (အ.လ.က) စာသင်ကျောင်း၌ (၂၆-၁၁-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီမှ (၁၂း၀၀) နာရီအချိန် အထိ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူ၊ ဆရာ/ဆရာမ၊ စုစုပေါင်း (၅၀၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_nov2018
-
မြောင်းမြမြို့နယ်၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁/၂၀၁၈) သင်တန်း ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ မိခင်နှင့်ကလေးစောင့်ရှောက် ရေးခန်းမ၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁/၂၀၁၈) သင်တန်းအား ဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ အဆိုပါသင်တန်းကို (၂၆-၁၁-၂၀၁၈) ရက်နေ့မှ (၂၈-၁၁-၂၀၁၈) ရက်နေ့အထိ သင်တန်းသား/သူ (၃၀) ဦးဖြင့် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_nov2018
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မြိုင်ကြီးငူဆရာတော်ဘုရားကြီး ဘဒ္ဒန္တသုဇန၏ ဥတုဇရုပ်ကလာပ်တော်ကို သွားရောက်ဖူးမျှော်ကြည်ညို၍ လှူဒါန်းမှုများပြုလုပ်
=================================================== ၂၅ နိုဝင်ဘာ၊ ဘားအံ ———————– လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မြိုင်ကြီးငူ၊ စုံနံ့သာမြိုင်ဆွေမြို့တော်သို့ရောက်ရှိခဲ့ပြီး (၃၀.၁၀. ၂၀၁၈) ရက်နေ့က ဘဝနတ်ထံပျံလွန်တော်မူခဲ့သော သက်တော်(၇၁)နှစ်၊ ဝါတော်(၅၂)ဝါရှိ မြိုင်ကြီးငူဆရာတော် ဘုရားကြီး ဘဒ္ဒန္တသုဇန၏ရုပ်ကလာပ်တော်ကို သွားရောက်ဖူးမျှော်ကြည်ညိုခဲ့ပါသည်။ မြိုင်ကြီးငူဆရာတော်ဘုရာကြီးသည် သာသနာ့အရေးနှင့်ငြိမ်းချမ်းရေးအတွက် ကရင်ပြည်နယ်၊ မြိုင်ကြီးငူဒေသတွင်အစပြု၍ နိုင်ငံတော်နှင့်ကရင်ပြည်နယ်အတွက် အကျိုးပြုလုပ်ငန်းတာဝန်များကို ကြိုးပမ်းအားထုတ်ခဲ့ပါသည်။ ယခုအခါ အပူဇော်ခံထားရှိသော ဆရာတော်၏ရုပ်ကလာပ်ကို အများ ပြည်သူများဖူးမျှော်ကြည်ညိုနိုင်ရန်အတွက် မြိုင်ကြီးငူ၊ စုံနံ့သာမြိုင်ဆွေမြို့တော်တွင် … Read more
-
ကရင်ပြည်နယ်တွင် သောက်သုံးရေရှားပါးမှုကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် မူးယစ်ဆေးဖြတ်ပြီးသူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ညှိနှိုင်းဆောင်ရွက်
==================================================== ၂၅ နိုဝင်ဘာ၊ ဘားအံ —————- လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော သောက်သုံးရေလိုအပ်သော ဒေသခံတိုင်းရင်းသားများအတွက် စက်ရေတွင်း၊ အုတ်ရေကန်နှင့် ရေစက်ရုံတည်ဆောက်ရေးအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားနှင့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းအစည်းအဝေးသို့ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာတစ်ဝှမ်းတွင် ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လျက်ရှိရာ မြန်မာနိုင်ငံရှိအချို့ဒေသများတွင်လည်း ပုံမှန်မဟုတ်သော သဘာဝဘေးအန္တရာယ်များ မကြာခဏကြုံတွေ့ရလေ့ရှိကြောင်း၊ နှစ်စဉ်နွေရာသီရောက်ရှိပါက ကရင်ပြည်နယ်ဒေသအချို့တွင် သောက်သုံးရေရှားပါးမှုဒဏ်ကိုခံရလေ့ရှိသဖြင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ယခုကတည်းက စတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သုခလင်းမြိုင်၊ … Read more
-
သဘာဝဘေးအသိပညာပေး ဟောပြောခြင်း
================================================ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁၁-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၂း၀၀) နာရီမှ (၁၃း၃၀) နာရီအချိန်ထိ သံတွဲမြို့၊ အမှတ်(၁)ရပ်ကွက်၊ သြဘာလမ်းရှိ မူလတန်းကျောင်း၌ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် ရပ်ကွက်ရှိ လူဦးရေ (၁၀၀) ဦးတို့အား သဘာဝဘေးအသိပညာပေး ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
ကယန်းလူမျိုးအများစုနေထိုင်ရာ ဒက္ခိဏခရိုင်၊ အရှေ့ခြမ်းတောင်ပေါ်ဒေသရှိ ကျေးရွာများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်တို့ သွားရောက် ထောက်ပံ့
=================================================== ၂၄ နိုဝင်ဘာ နေပြည်တော်———- ကယန်းလူမျိုးအများစုနေထိုင်ရာ ဒက္ခိဏခရိုင်၊ အရှေ့ခြမ်းတောင်ပေါ်ဒေသရှိ ကျေးရွာများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဝန်ကြီးဌာနက ဆန်ရိက္ခာဘိုးငွေများ၊ မိခင်ဝိုင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ထောက်ပံ့ငွေများပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အလယ်ချောင်း ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာမျိုးအောင်တို့ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်နှင့်အဖွဲ့သည် ကိုးတစ်ဘုန်းစိုးထေရဝါဒဗုဒ္ဓဘာသာ သာသနပြုဘုန်းတော်ကြီးကျောင်း ဆရာတော်အား ဖူးမျှော်ကြည်ညို၍ အလှူငွေများ ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ဒက္ခိဏခရိုင်၊ ကိုးတစ်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းသို့ရောက်ရှိပြီး ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများကိုတွေ့ဆုံနှုတ်ဆက်၍ … Read more
-
မိုင်းနင်းမိ၍ ဒဏ်ရာရရှိခဲ့သူတစ်ဦးအတွက် ထောက်ပံ့ခြင်း
================================================ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လင်းခေးခရိုင် မိုင်းပန်မြို့နယ် မိုက်ပုတ်(ပန်ပိ)ကျေးရွာ၌ (၁၈-၁၁-၂၀၁၈) ရက်နေ့၊ (ဝရး၄၀) နာရီအချိန်တွင် မိုင်းနင်းမိ၍ ဒဏ်ရာရရှိခဲ့သူ (၁) ဦးအတွက် ထောက်ပံ့ရန်ပုံငွေ (၅၀၀၀၀ိ/-) အား (၂၄-၁၁-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူလက်ဝယ်သို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အဖျောက်(၄)ရပ်ကွက်၊ ပန်းတုန်းပိတ်ကျေးရွာနှင့် ကြွေပန်းကန်ချောင်းကျးရွာအုပ်စု၊ ကြွေပန်းကန်ကျေးရွာတို့တွင် (၅-၁၁-၂၀၁၈) ရက်နေ့မှ (၂၀-၁၁-၂၀၁၈) ရက်နေ့ထိ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုအန္တရာယ်ကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ထားသည့် အိမ်ခြေ(၃၅)လုံး၊ အိမ်ထောင်စု(၃၅)စုမှ လူဦးရေ(၁၄၃)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃,၅၀၀,၀၀၀ိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး (၃၀၀,၃၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး (၃၅)အိမ်ထောင်စုအား ဘေးသင့်ပြည်သူများထံသို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ (၂၄-၁၁-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များ၊ စီမံချက်များကို ပြည်ထောင်စုနှင့် ပြည်နယ်/တိုင်းဒေသကြီးတို့ ပူးပေါင်းဆောင်ရွက်ရေး လိုအပ်ချက်များဆွေးနွေး
================================================= နိုဝင်ဘာ ၂၃၊ နေပြည်တော် ——————————- ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များ၊ စီမံချက်များကို အကောင်အထည်ဖေါ်ရာတွင် ပြည်နယ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်နိုင်ရန် ပြည်ထောင်စုနှင့် ပြည်နယ်/တိုင်း ဒေသကြီးအသီးသီးတို့၏ လုပ်ပိုင်ခွင့်များသတ်မှတ်ရေး၊ဒေသအလိုက်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များဆောင်ရွက်ရာတွင် စနစ်တကျချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ လူမှုအဖွဲ့အစည်းများ၊ ဖေါင်ဒေးရှင်းများ၊ အလှူရှင်များ၊ ဒေသခံပြည်သူများနှင့် ပေါင်စပ်ညှိနှိုင်းဆောင်ရွက်ရေး၊ မူဝါဒများ၊ လုပ်ငန်းစဉ်များကို ပြည်သူများနားလည်သဘောပေါက်လာစေရန် ရှင်းလင်းဆောင်ရွက်မည့် အစီ အစဉ်များကို အချိန်အပိုင်းအခြားနှင့်တကွရေးဆွဲထားရှိရေး စသည်တို့အတွက် ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၌ ကျင်းပခဲ့ပါသည်။ … Read more









