ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း

24 Pic 03
================================================
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အဖျောက်(၄)ရပ်ကွက်၊ ပန်းတုန်းပိတ်ကျေးရွာနှင့် ကြွေပန်းကန်ချောင်းကျးရွာအုပ်စု၊ ကြွေပန်းကန်ကျေးရွာတို့တွင် (၅-၁၁-၂၀၁၈) ရက်နေ့မှ (၂၀-၁၁-၂၀၁၈) ရက်နေ့ထိ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုအန္တရာယ်ကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ထားသည့် အိမ်ခြေ(၃၅)လုံး၊ အိမ်ထောင်စု(၃၅)စုမှ လူဦးရေ(၁၄၃)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃,၅၀၀,၀၀၀ိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး (၃၀၀,၃၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး (၃၅)အိမ်ထောင်စုအား ဘေးသင့်ပြည်သူများထံသို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ (၂၄-၁၁-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events