Category Archives: News
-
တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးနှင့် ပူတာအို ခရိုင်ဦးစီးမှူးရုံးတို့ပူးပေါင်း၍ ပူတာအိုမြို့ နယ်၊ လုံးစွတ်စစ်ဘေးရှောင်စခန်းနှင့် ဒုတ္တန် စစ်ဘေးရှောင်စခန်းတို့ရှိ အိမ်ထောင်စု(၇၅)စု၊ လူဦးရေ (၃၆၁)ဦးတို့အတွက် အိမ်ထောင်စု(၁)စုလျှင် ကယ်ဆယ်ရေးပစ္စည်း(၇)မျိုးအား ခေတ္တ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ နှင့်အတူ (၂၈-၁၁-၂၀၁၈)ရက်နေ့ မွန်းလွဲပိုင်း(၂:၀၀)နာရီချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #kcn_nov2018 Source: ပူတာအိုခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် မိုင်းဆတ်မြို့၊ အ.လ.က (နားကော) ကျောင်း၌ ကျောင်းသား/သူ (၁၅၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #shn_nov2018
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟသာၤတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈.၁၁.၂၀၁၈)ရက်နေ့ (၁၄း၀၀)နာရီချိန်တွင် ကြံခင်းမြို့နယ်၊ ပိုးစုကြီးအုပ်စု၊ ပိုးစုကြီးကျေးရွာ၌ ပြည်သူလူထု (၉၀)ဦးအား သဘာဝဘေးလျော့ပါးရေး အသိ ပညာပေးဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက် လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်(၈)မျိုးဝေငှခဲ့ပြီး ကျေးရွာရှိ လူစည်ကားရာ နေရာများ၌ အများပြည် သူကြည့်ရှုနိုင်ရန် သဘာဝဘေးအသိပညာပေးဗွီနိုင်း ပိုစတာများကိုကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_nov2018 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ (၂၈-၁၁-၂၀၁၈) ရက်နေ့၊ (၁၄း၀၀) အချိန်မှ (၁၅း၃၀) နာရီအချိန်ထိ ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့် ခန်းကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူနှင့် ဆရာ/ဆရာမ (၆၀၈) ဦးနှင့် ဌာနဆိုင်ရာမှ (၂၈) ဦး စုစုပေါင်း (၆၃၆) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ) #simex_eqk #mgy_nov2018
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်းဆင်းပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၁-၂၀၁၈)ရက်နေ့တွင် မံစီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းအား သင်တန်းသူ၊ သင်တန်းသား(၃၀)ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး အဆိုပါသင်တန်းအား (၂၆-၁၁-၂၀၁၈)ရက်နေ့မှ (၂၈-၁၁-၂၀၁၈)ရက်နေ့ထိ (၃)ရက်တာကျင်း ပပြုလုပ်ခဲ့ပြီးနောက် (၂၈-၁၁-၂၀၁၈)ရက်နေ့၊ (၁၆း၀၀)နာရီအချိန်တွင် သင်တန်းပြီးဆုံး ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_nov2018 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၁၁-၂၀၁၈) ရက်နေ့၊ (၁၅း၀၀) နာရီအချိန်တွင် ပေါက်ခေါင်းမြို့နယ်၊ မြောက်လက်ကြီး ကျေးရွာအုပ်စု၊ မြောက်မကွေ့ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် လူဦးရေ (၁၅၀) ဦးအား သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်နှင့် ခေါက်ဆွဲခြောက်ထုပ်များ ဝေငှပေးခဲ့ကြောင်းနှင့် ဗီနိုင်းပိုစတာ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #bgo_nov2018
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၁၁-၂၀၁၈) ရက်နေ့၊ နံနက် (၁၃း၃၀) နာရီအချိန်တွင် ပေါက်ခေါင်းမြို့နယ်၊ ဝက်တိုး ကျေးရွာအုပ်စု၊ ဝက်တိုးကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် လူဦးရေ (၁၅၀) ဦးအား သဘာဝဘေး လျော့ပါးရေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်နှင့် ခေါက်ဆွဲခြောက်ထုပ်များ ဝေငှပေးခဲ့ကြောင်းနှင့် အုပ်စု အုပ်ချုပ်ရေးမှူးထံသို့ ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #bgo_nov2018
-
မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် ASEAN Confederation Women’s Organizations တို့ပူးပေါင်း၍ ၁၈ကြိမ်မြောက် အာဆီယံမိတ်ဖက် အမျိုးသမီးအဖွဲ့အစည်းများ ညီလာခံကျင်းပမှုသတင်း
နိုဝင်ဘာ ၂၈၊ နေပြည်တော် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် ASEAN Confederation Women’s Organizations တို့ ပူးပေါင်းကျင်းပသည့် Handing Over Ceremony of 18th to the 19th ACWO Presidency အခမ်းအနားကို နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီသည် စတုတ္ထအကြိမ်မြောက် ဘေဂျင်းကမ္ဘာ့အမျိုးသမီးညီလာခံသို့ … Read more
-
ငလျင်အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်ခြင်း
================================================ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့နှင့် ပူးပေါင်း၍ အမှတ်(၃) အ.ထ.က စာသင်ကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများ စုစုပေါင်း (၃၃၀) ဦးတို့အား ငလျင်အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းကို ( ၂၈-၁၁-၂၀၁၈ ) ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်မှ နေ့လည်(၁၁:၃၀)အချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါကြောင်းနှင့် ကျောင်းအတွက် ဗီနိုင်းပိုစတာ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁၁-၂၀၁၈)ရက်နေ့တွင် ရေကြည်မြို့နယ်၊ မယင်းကူးကျေးရွာအုပ်စု၊ မယင်းကူးကျေးရွာ၌ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖ၊ ကျောင်းသားကျောင်းသူများ၊ ကျေးရွာသူကျေးရွာသား စုစုပေါင်း(၁၀၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_nov2018 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)









