မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် ASEAN Confederation Women’s Organizations တို့ပူးပေါင်း၍ ၁၈ကြိမ်မြောက် အာဆီယံမိတ်ဖက် အမျိုးသမီးအဖွဲ့အစည်းများ ညီလာခံကျင်းပမှုသတင်း

28_Pic_04
နိုဝင်ဘာ ၂၈၊ နေပြည်တော်

မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် ASEAN Confederation Women’s Organizations တို့ ပူးပေါင်းကျင်းပသည့် Handing Over Ceremony of 18th to the 19th ACWO Presidency အခမ်းအနားကို နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင်‌့အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက  မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီသည် စတုတ္ထအကြိမ်မြောက် ဘေဂျင်းကမ္ဘာ့အမျိုးသမီးညီလာခံသို့ မြန်မာ ကိုယ်စားလှယ်အဖွဲ့တက်ရောက်ပြီးသည့်နောက် ကြေညာစာတမ်းပါအချက်များအနက် တစ်ခုအပါအဝင်ဖြစ်သည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရန် အတွက် ယန္တရားတစ်ရပ်ဖော်ဆောင်ရန်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီကို ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့ တွင် ဖွဲ့စည်းခဲ့ပါကြောင်း၊
ယင်းကော်မတီသည် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် ယန္တရားဖြစ်ပြီး တစ်နှစ်လျှင် အစည်းအဝေး (၂) ကြိမ်ကျင်းပ၍ အမျိုးသမီးများဖွံ့ ဖြိုးတိုးတက်မှု အစီအစဉ်များကိုပြန်လည်သုံးသပ်ခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်မှုအပေါ် ကြီးကြပ်လမ်းညွှန်မှုပေးခြင်းနှင့် ပြည်သူလူထု၏ လိုအပ်ချက်များအပေါ် ဆောင်ရွက်နိုင်မှုအခြေ အနေများကိုဆန်းစစ်ပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို အတည်ပြုပါကြောင်း၊
လက်ရှိအစိုးရ၏မူဝါဒနှင့်အညီ  မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီကို နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများနှင့်အညီ ပြင်ဆင်ဖွဲ့စည်းထားပြီး မူဝါဒအသစ်များကို ချမှတ်ထားရှိပါကြောင်း၊ ပြန်လည်ဖွဲ့စည်း ထားသောကော်မတီတွင် ပြည်ထောင်စုဝန်ကြီးဌာန များသာမက အမျိုးသမီးအရေးကို တက်ကြွစွာဆောင် ရွက်နေသည့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၊  မြန်မာနိုင်ငံအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များ အသင်း၊ ကျား/မရေးရာ တန်းတူညီမျှရေးကွန်ရက်၊ အမျိုးသမီးအဖွဲ့ အစည်းများကွန်ရက်နှင့် ယခုအသစ်ဖွဲ့စည်းပါဝင် လာသော ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်း၊ အစရှိသော အဖွဲ့များက အမျိုးသမီးများ၊ အမျိုးသမီးငယ်များဖွံ့ဖြိုး တိုးတက်ရေး၊ အကြမ်းဖက်မှု ပပျောက်ရေးလုပ်ငန်း များကို အားသွန်ခွန်စိုက် လှုပ်ရှားဆောင်ရွက်နေကြ သကဲ့သို့ အမျိုးသမီးများ၊ အမျိုးသမီးငယ်များ တွေ့ကြုံခံစားနေရသည့် အခက်အခဲပြဿနာများကို ဝိုင်းဝန်း ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၏ ဦးဆောင်မှုဖြင့်  အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီး ကာကွယ်ရေး ဥပဒေ(မူကြမ်း)၊ ပြည့်တန်ဆာဆိုင်ရာ ဥပဒေ(မူကြမ်း)တို့ကို ရေးဆွဲထားပြီးဖြစ်ကြောင်း၊ ထို့အပြင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) အပေါ် ဝန်ကြီးဌာနများ၏ အကောင်အထည်ဖော်ဆောင်ရွက်မှု၊ ဖွံ့ဖြိုးမှုမိတ်ဘက်အဖွဲ့အစည်းများ ၏ ပူးပေါင်းပါဝင်မှု၊ အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများက ပြည်သူတွေ၏လိုအပ်ချက်အပေါ် ပံ့ပိုးဆောင်ရွက်မှု တို့ကို ပြန်လည်သုံးသပ်ပြီး လိုအပ်သည့် လမ်းညွှန်ချက်များချမှတ်ပေးပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင်‌့ အာဆီယံအမျိုးသမီးရေး ရာကော်မတီနှင့် အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့် အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့် မြင့်တင်ရေးကော်မရှင် တို့၏ လုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၀)ပါ လုပ်ငန်းများတွင်လည်း တက်ကြွစွာအကောင် အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊
ယနေ့ကျင်းပတဲ့ (၁၈) ကြိမ်မြောက် အာဆီယံမိတ်ဖက် အမျိုးသမီးအဖွဲ့အစည်း များညီလာခံကို အိမ်ရှင်အဖြစ် မြန်မာနိုင်ငံအမျိုး သမီးရေးရာ အဖွဲ့ချုပ်မှ လက်ခံကျင်းပတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် ‌နောင်လာမည့်အနာဂတ်တွင်လည်း မြန်မာနိုင်ငံရှိ အမျိုးသမီးအရေးကို တက်ကြွ စွာဆောင် ရွက်နေသော အမျိုးသမီးအဖွဲ့အစည်း များနှင့် ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အခမ်းအနားကို ဒုတိယဝန်ကြီးဦးစိုးအောင်၊ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီမှ တာဝန်ရှိ သူများနှင်‌့ အာဆီယံမိတ်ဖက် အမျိုးသမီးအဖွဲ့အစည်းများ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1
#npw_nov2018
Source:  MSWRR

Sign Up

Upcoming Events