
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးနှင့် ပူတာအို ခရိုင်ဦးစီးမှူးရုံးတို့ပူးပေါင်း၍ ပူတာအိုမြို့ နယ်၊ လုံးစွတ်စစ်ဘေးရှောင်စခန်းနှင့် ဒုတ္တန် စစ်ဘေးရှောင်စခန်းတို့ရှိ အိမ်ထောင်စု(၇၅)စု၊ လူဦးရေ (၃၆၁)ဦးတို့အတွက် အိမ်ထောင်စု(၁)စုလျှင် ကယ်ဆယ်ရေးပစ္စည်း(၇)မျိုးအား ခေတ္တ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ နှင့်အတူ (၂၈-၁၁-၂၀၁၈)ရက်နေ့ မွန်းလွဲပိုင်း(၂:၀၀)နာရီချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#otr
#kcn_nov2018
Source: ပူတာအိုခရိုင်ဦးစီးမှူးရုံး (ဘစမ)