Category Archives: News
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================= Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဓနုဖြူမြို့နယ်၊ စံကင်းကျေးရွာအုပ်စု၊ စံကင်းကျးရွာ၌ (၁၁-၁၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၃) လုံး၊ အိမ်ထောင်စု(၃)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ စုစုပေါင်းအိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၃၀၀၀၀၀ိ/-)၊ စုစုပေါင်းလူဦးရေ(၁၃)ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ(၂၇၃၀၀ိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၃၂၇၃၀၀ိ/-) တိတိအား (၁၃-၁၂-၂၀၁၈) ရက်နေ့၊ (၁၁း၃၀) နာရီအချိန်တွင် ဘေးသင့််ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်း
================================================= Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စားသုံးသူရေးရာဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၃-၁၂-၂၀၁၈) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်တွင် ကော့ကရိတ်မြို့နယ်၊ အံဖကြီးကျေးရွာ အထက(ခွဲ)အံဖကြီးကျောင်းမှ ဆရာ ဆရာမများနှင့် ကျောင်းသား/သူ (၅၀၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များနှင့် နံရံကပ်ဗီနိုင်းပိုစတာများအား ဝေငှခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်း
================================================= Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၂-၂၀၁၈) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်တွင် ချောင်းဆုံမြို့နယ်၊ ခရိုက်နှီးဟုကျေ းရွာ၌ ကျေးရွာနေပြည်သူ (၅၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်း
================================================= Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၂-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) နာရီမှ (၁၁း၀၀) နာရီထိ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ မြင်းဝင်းကျေးရွာအုပ်စု၊ နန်းတော်ရပ်ကျေးရွာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများ ရရှိစေရန် ကျောင်းသား/သူ (၄၅၀) ဦးအား လည်းကောင်း၊ မြို့ခင်းသာကျေးရွာအုပ်စု၊ မြို့ခင်းသာကျေးရွာ၌ (၁၃း၀၀) နာရီမှ (၁၄း၀၀) နာရီထိ ကျေးရွာသား/သူ(၁၃၀)ဦး၊ စုစုပေါင်း (၅၈၀) ဦးတို့အား သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောဆွေးနွေးခြင်းများ … Read more
-
သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ငလျင်အကြောင်းသိကောင်းစရာများကို ဟောပြောဆွေးနွေးခြင်း
================================================= Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၂-၂၀၁၈) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် မကွေးမြို့၊ အထက(ခွဲ)ဆားစည်၌ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများ အင်အား (၅၀၀) ဦးခန့်အား သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများ၊ ငလျင်အကြောင်းသိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့ပြီး ဘေး(၈)မျိုးပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂလက်ထောက် အတွင်းရေးမှူးချုပ် ဦးဆောင်သောအဖွဲ့နှင့် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး တို့က အသီးသီးလာရောက်တွေ့ဆုံ
================================================= ဒီဇင်ဘာ ၁၃၊ နေပြည်တော် ——————— လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ်၊ UNDP ၏ လက်ထောက်အုပ်ချုပ်ရေးမှူးနှင့် အာရှ-ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူး ဖြစ်သူ Mr. Haoliang Xu ဦးဆောင်သောအဖွဲ့နှင့် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးနှင့် အထက်လွှတ်တော်အမတ် The Honourable Marise Payne တို့က ယနေ့ နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ အသီးသီးလာရောက် တွေ့ဆုံ ခဲ့ပါသည်။ ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ် ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံရာတွင် … Read more
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း
================================================= Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ အ.ထ.က(ခွဲ)ကျောက်အိုင်၌ (၁၃-၁၂-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီမှ (၁၂း၀၀) နာရီအထိ သဘာဝဘေးအန္တရာယ်လျော့ပါးရေးအသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသူ/ ကျောင်းသား (၃၄၅) ဦးတက်ရောက်ခဲ့ပါသည်။ ဟောပြောပွဲ၌ သဘာဝဘေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအန္တရာယ်ဆိုင် အသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒေါ်သန်းသန်းဝင်း လက်ထောက်ညွှန်ကြားရေးမှူးမှ ဦးဆောင်ပြီး (၁၃-၁၂-၂၀၁၈)ရက်နေ့ (၁၀း၀၀)နာရီမှ (၁၁း၀၀) နာရီအချိန်အထိ မုံရွာမြို့နယ်၊ ကျောင်းစုကျေးရွာ အမှတ်(၁၄၅) အခြေခံပညာမူလတန်း လွန်ကျောင်းတွင် ဆရာ/ဆရာမနှင့် ကျောင်းသူ/သား (၁၂၀)ဦးတို့အား သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက် များဟောပြောပြီး လက်ကမ်းစာစောင်နှင့် ပိုစတာ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2018 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင် အသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃.၁၂.၂၀၁၈)ရက်နေ့၊ ညနေပိုင်းတွင် တောင်ကြီးမြို့နယ်မြို့ပေါ်ကျောင်း အ.လ.က(၁၅)၌ သဘာဝဘေး အသိပညာ ပေးဟောပြောပွဲပြုလုပ်ခဲ့ရာကျာင်းသား/သူ(၂၈၀)ဦးတက်ရောက်ခဲ့ပြီး ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာ မှုနှင့် ငလျင်ဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းဘေးနှင့် အခြားသဘာဝဘေးများအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များအား ဟောပြော ခြင်း၊ သဘာဝဘေးဆိုင်ရာ အသိပညာပေးဗီဒီယိုပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_dec2018 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင် အသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃.၁၂.၂၀၁၈)ရက်နေ့တွင် နံနက်(၁၀း၀၀)နာရီမှ နေ့လယ်(၁၁း၃၀)နာရီအထိ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ဖိုလ်ဝင်တောင်ကျေးရွာ၊ အ.လ.က(ဖိုလ်ဝင်တောင်)၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာ ဗဟုသုတများရရှိစေရန် ဆရာ/ဆရာမ (၈)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၁၇၄)ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ ပိုစတာ ပေးအပ်ခြင်းနှင့် လက်ကမ်း စာစောင်ဖြန့်ဝေပေးခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2018 Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)









