

=================================================
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၂-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) နာရီမှ (၁၁း၀၀) နာရီထိ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ မြင်းဝင်းကျေးရွာအုပ်စု၊ နန်းတော်ရပ်ကျေးရွာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများ ရရှိစေရန် ကျောင်းသား/သူ (၄၅၀) ဦးအား လည်းကောင်း၊ မြို့ခင်းသာကျေးရွာအုပ်စု၊ မြို့ခင်းသာကျေးရွာ၌ (၁၃း၀၀) နာရီမှ (၁၄း၀၀) နာရီထိ ကျေးရွာသား/သူ(၁၃၀)ဦး၊ စုစုပေါင်း (၅၈၀) ဦးတို့အား သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ၊ ဘေးအန္တရာယ်အသိပညာပေးဗီနိုင်းများ ဖြန့်ဝေခြင်းနှင့် ကျောင်းတွင်းနံရံကပ်ပိုစတာများ ကပ်ပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။