
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃.၁၂.၂၀၁၈)ရက်နေ့၊ ညနေပိုင်းတွင် တောင်ကြီးမြို့နယ်မြို့ပေါ်ကျောင်း အ.လ.က(၁၅)၌ သဘာဝဘေး အသိပညာ ပေးဟောပြောပွဲပြုလုပ်ခဲ့ရာကျာင်းသား/သူ(၂၈၀)ဦးတက်ရောက်ခဲ့ပြီး ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာ မှုနှင့် ငလျင်ဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းဘေးနှင့် အခြားသဘာဝဘေးများအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များအား ဟောပြော ခြင်း၊ သဘာဝဘေးဆိုင်ရာ အသိပညာပေးဗီဒီယိုပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်
ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_dec2018
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)