Category Archives: News
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) မှတာဝန်ရှိသူများသည် တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ငုတ်ကျေးရွာအုပ်စု၊ တောင်ပို့လှကျေးရွာ တွင် (၂၇-၁-၂၀၁၉) ရက်နေ့ (၅:၀၀) အချိန်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ (၁) အိမ်၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၃) ဦး မီးဘေးသင့်ခဲ့ပြီး လူ (၁) ဦး သေဆုံးခဲ့ရာ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ … Read more
-
စက်တပ်ရေယာဉ်လွှဲပြောင်းပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈.၁.၂၀၁၉)ရက်နေ့တွင် ဖျာပုံမြို့ရွှေရတုခန်းမ၌ဖျာပုံခရိုင်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့သို့ ဌာနပိုင်စက်တပ်ရေယာဉ်(၂)စီးအားလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ရာ ခရိုင်အဆင့်/မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ မြို့မိ မြို့ဖများတက်ရောက်ခဲ့ပြီး စက်တပ်ရေယာဉ်(၂)စီးအား ဒေးဒရဲမြို့နယ်နှင်ဖျာပုံမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံန့်ခွဲမှုအဖွဲ့သို့ ထပ်ဆင့်လွှဲပြောင်းခဲ့ပြီးမြို့နယ်များ အတွင်းသဘာဝအန္တရာယ်များပေါ်ပေါက်ပါကအရေးပေါ်သုံးစွဲနိုင်ရန်နှင့်ပြည်သူများအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းရပ်များဆောင်ရွက်နိုင်ရန် ဦးစီးဌာနမှလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #otr #ayy_jan2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁-၂၀၁၉) ရက်နေ့၊ (၁၃း၃၀) နာရီအချိန်တွင် မကွေးမြို့နယ်၊ ညောင်ကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ စုစုပေါင်း (၃၀၀) ဦးခန့်အား သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများအကြောင်း၊ ငလျင်ဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အကြောင်း အရာများ ဟောပြောပို့ချခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #mgy_jan2019
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁-၂၀၁၉) ရက်နေ့၊ (၁၃း၀၀) အချိန်မှ (၁၅း၀၀) နာရီအချိန်ထိ ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာ၌ ကျေးရွာသူ/သား (၈၀) ဦးတို့အား သဘာဝဘေး အသိပညာများ ဟောပြောပို့ချခြင်း၊ အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်း၊ မုန့်များဝေငှပေးခြင်းနှင့် ရပ်ကွက်အတွက် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) #ar #npw_jan2019
-
မီးဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ်၊ ကင်မွန်းတန်း ကျေးရွာအုပ်စု၊ လက်ပံတောကျေးရွာ၌ (၂၇-၁-၂၀၁၉) ရက်နေ့၊ (၀၅း၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီး ဘေးကြောင့် ဘေးသင့်နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄,၂၀၀/-) ကျပ်တို့အား (၂၈-၁-၂၀၁၉) ရက်နေ့၊ (၁၅း၁၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး၊ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများသည် (၂၇.၁.၂၀၁၉) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့၊ ဆင်မကျေးရွာအုပ်စု၊ ဆင်မကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာပြည်သူလူထု (၁၂၀)ဦးတို့အား လက်ကမ်းစာစောင်များ၊ ဗွီနိုင်းပိုစတာများ ဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #ayy_jan2019
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁-၂၀၁၉) ရက်နေ့တွင် ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ အ.ထ.က (၂) ၇မိုင်ကျောင်းတွင် ကျောင်းသား(၁၈၉) ဦး၊ ကျောင်းသူ (၁၉၁) ဦး၊ ဆရာ/ဆရာမ (၁၃) ဦး စုစုပေါင်း (၃၉၃) ဦးတို့အား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာ ပေးလက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #tny_jan2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁-၂၀၁၉)ရက်နေ့၊ (၀၉း၃၀)နာရီမှ(၁၁း၀၀)နာရီ အချိန်ထိ ဇေယျာသီရိမြို့နယ် ၊ပြည်စံအောင်ရပ်ကွက်တွင် ရပ်ကွက်သူ/ရပ်ကွက်သား (၇၀)ဦးတို့အား သဘာဝဘေး အသိ ပညာများဟောပြောဆောင်ရွက်ခဲ့ပြီး ရပ်ကွက်အတွက်ဗီနိုင်းပိုစတာနှင့် ဟောပြောပွဲတက်ရောက်သူများအား လက်ကမ်းစာစောင်နှင့်မုန့်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ar #npe_jan2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် IOM အဖွဲ့နှင့်ပူးပေါင်း၍ (၂၈-၁-၂၀၁၉) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ရမ္မာဝတီခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအား ဖွင့်လှစ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်း အနားတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာမှ အဖွင့်မိန့်ခွန်းပြောကြားခြင်း၊ ရခိုင်ပြည်နယ်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် များအား ရှင်းလင်းပြောကြားခြင်း၊ ကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူးမှ အဖွင့် အမှာစကားပြောကြားခြင်း၊ IOM အဖွဲ့မှ Mr.Konrad Clos မှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ပြောကြား ခဲ့ပါသည်။ … Read more
-
သဘာဝဘေးလျော့ပေါ့ရေးလူငယ်ဆင့်ပွားသင့်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁-၂၀၁၉) ရက်နေ့တွင် ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ဖွင့်လှစ်သည့် သဘာဝဘေး လျော့ပေါ့ရေး လူငယ်ဆင့်ပွားသင့်တန်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာဝေါဟာရများ၊ သဘာဝဘေး အန္တရာယ်များအကြောင်း ဟောပြောပို့ချခဲ့ပြီး သင်တန်းသား/သင်တန်းသူများအား တီရှပ်၊မိုးကာ၊ဦးထုပ်၊ ဓာတ်မီးစသည့် သင်တန်းသုံးပစ္စည်းများကိုဝေငှခဲ့ပြီး သင့်တန်းဖွင့်ပွဲအခမ်းအနားသို့ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်မိ/ရပ်ဖများတက်ရောက်ခဲ့ပြီး အဆိုပါသင်တန်းသို့ သင်တန်းသား/သင်တန်းသူ(၃၀)ဦးဖြစ် သင်တန်းကာလမှာ (၂၈-၁-၂၀၁၉)ရက်နေ့မှ (၃၀-၁-၂၀၁၉)ရက်နေ့ထိ (၃)ရက်တာ ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source:စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး #ar #sgg_jan2019









